The network connection is lost.

Banner Image

နွေရာသီမှာ ကစားသမားအယောက် ၂၀ အထိ ရှင်းထုတ်မယ့် အာဆင်နယ်

သတင်းတွေအရ အာဆင်နယ်ဟာ အခုလာမယ့်နွေရာသီမှာ ကစားသမားအယောက် ၂၀ အထိ ရှင်းထုတ်မယ်လို့ သိရပါတယ်။ အာဆင်နယ်ဘက်က အဆိုပါသတင်းကို အတည်ပြုခဲ့တာဖြစ်ပြီး အမျိုးသားအသင်းအပြင် အမျိုးသမီးအသင်း နဲ့ အကယ်ဒမီကစားသမားတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိကွင်းလယ်လူ ပါတေးကိုတော့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေပါတယ်။အာဆင်နယ်ရှင်းထုတ်မယ့်ကစားသမားတွေထဲမှာ ဂျော်ဂျင်ဟို ၊ တီယာနေး ၊ စတာလင် ၊ နက်တို ၊ အိုယီဒီဂျေ ၊ ဖရန့်စစ်တို့ ပါဝင်နေသလို အမျိုးသမီးအသင်းထဲက လီနာ ၊ ဂိုလ်ဒီ ၊ အာမန်ဒါတို့ ပါဝင်နေပါတယ်။

ပါတေးကို အာတီတာက အသင်းမှာဆက်ထိန်းထားချင်နေပြီး အမျိုးသမီးအသင်းက ကယ်လီ နဲ့ အကယ်ဒမီစတား ရိုဆက်တို့ကိုလည်း စာချုပ်သစ်အတွက် ဆွေးနွေးနေပါတယ်။ “မှန်ပါတယ်။ ဒီရာသီက သူ့ရဲ့အကောင်းဆုံးရာသီလို့ ကျွန်တော်ထင်ပါတယ်။ သူကစားပြခဲ့တာ ၊ စွမ်းဆောင်ပြခဲ့တာ နဲ့ ပါဝင်နိုင်မှုက ထိပ်တန်းအဆင့်မှာရှိခဲ့ပါတယ်။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားဖြစ်ခဲ့ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ကွင်းလယ်ခံစစ်နေရာအတွက် ဇူဘီမန်ဒီကိုခေါ်ယူထားနိုင်ခဲ့ပေမယ့် ပါတေးကိုပါ ဆက်ထိန်းထားချင်နေပါတယ်။ အခုနွေရာသီမှာ နောက်ထပ်ကစားသမားတွေဖြစ်တဲ့ ရစ်ဆီ ၊ အက်ဒ်ဝါ့တ် ၊ ဖစ်ရှာ ၊ ဖော့ဒ် ၊ ဂိုဝါ ၊ မက်စ် ၊ ဆာလက် ၊ အစ္စမေးလ် ၊ အိုကွန်ကို ၊ အီလီယန် ၊ ရှာအစ်တို့လည်း ထွက်ခွာမှာဖြစ်ပါတယ်။

အာဆင်နယ်ဘက်ကတော့ အသင်းကနေထွက်ခွာတော့မယ့်ကစားသမားတွေကို အနာဂတ်မှာအောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့ပြီး အသင်းအတွက်အကျိုးပြုခဲ့တာတွေအတွက် ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ ၃ ရာသီဆက်ဒုတိယနေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပြီးနောက် အခုနွေရာသီမှာ အလုပ်များတော့မှာဖြစ်ပါတယ်။ လက်ရှိတိုက်စစ်ပိုင်းအတွက် ဆက်စ်ကို နဲ့ ယိုကရက်စ်တို့ကိုလည်း ချိတ်ဆက်နေပါတယ်။