The network connection is lost.

Banner Image

အနီကတ်အယူခံအောင်မြင်ခဲ့တာကြောင့် မက်ဒရစ်နဲ့ပွဲမှာ ပါဝင်လာမယ့် အန်တိုနီ

အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပြီး အောင်မြင်ခဲ့တာကြောင့် ဘက်တစ်စတား အန်တိုနီတစ်ယောက် လာမယ့်စနေနေ့မှာကန်မယ့် ရီးရဲလ်အသင်းနဲ့ပွဲမှာ ပါဝင်လာမှာဖြစ်ပါတယ်။ဘရာဇီးသားဟာ တနင်္ဂနွေနေ့တုန်းက ဂီတာဖေးအသင်းကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲရဲ့အချိန်ပိုမှာ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ အမှန်တကယ်ဆို အန်တိုနီအနေနဲ့ ၁ ပွဲပယ်ခံရမှာဖြစ်ပေမယ့် ဘက်တစ်အသင်းဘက်က အယူခံဝင်ခဲ့ရာမှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ကနေ ပြောင်းလာပြီးကတည်းက အန်တိုနီဟာ ဘက်တစ်အသင်းအတွက် ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဘက်တစ်ကိုမပြောင်းခင် ယူနိုက်တက်အသင်းထံ ၂၀၂၂ တုန်းက အေဂျက်အသင်းထံကနေ ပေါင် ၈၅ သန်းနဲ့ပြောင်းရွှေကလာခဲ့ကာ ၉၆ ပွဲမှာ ၁၂ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဘက်တစ်အသင်းဟာ လာလီဂါအမှတ်ပေးဇယားရဲ့အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး စနေနေ့မှာ ဒုတိယနေရာက ရီးရဲလ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။