The network connection is lost.

Banner Image

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးပွဲကြုံတွေ့ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီး ၁-၄ လိဒ်ယူနိုက်တက် (ပွဲပြီးရလဒ်)

အခုလန်ဒန်မြေပွဲစဉ်မှာ အိမ်ရှင်ချဲလ်ဆီးက ဧည့်သည်လိဒ်ယူနိုက်တက်ရဲ့ဖိအားပေးယှဉ်ပြိုင်ကစားမှုတွေကို ဘယ်လိုမှမထိန်းချုပ်နိုင်ဘဲ ဂိုးပြတ်ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကိုတော့ အိမ်ရှင်ချဲလ်ဆီးအတွက် ပွဲထွက်တိုက်စစ်မှူးဖြစ်တဲ့ အီမီဂါက သွင်းယူခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ အိုကာဖော်က ဧည့်သည်တွေအတွက် ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ရလဒ်ပိုင်းအပေါ် အဆုံးအဖြတ်ဖြစ်စေမယ့်သွင်းဂိုးတွေကို ကယ်လ်ဗတ်လီဝင်(ပင်နယ်တီ)၊ အိုကာဖော်နဲ့ အာရွန်ဆန်တို့က သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လိဒ်ယူနိုက်တက်က ၁၉၉၉ ခုနှစ်နောက်ပိုင်း၊ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပထမဆုံးအကြိမ်အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။