အမေရိကန်အသင်းမှာ ပိုချက်တီနိုရဲ့နေရာကို အစားထိုးမယ့်ကိစ္စအတွက် ပက်ဂွါဒီယိုလာရဲ့ သဘောထား ပေါ်ထွက်လာ
အမေရိကန်လက်ရွေးစင်အသင်းမှာ ပိုချက်တီနိုရဲ့နေရာကို အစားထိုးတာဝန်ယူနိုင်ခြေနဲ့ ပတ်သက်လို့ ပက်ဂွါဒီယိုလာရဲ့သဘောထားရပ်တည်ချက် ထွက်ပေါ်လာခဲ့ပါတယ်။
ပိုချက်တီနိုက မန်ချက်စတာယူနိုက်တက်မှာ မိုက်ကယ်ကာရစ်ရဲ့နေရာကို အစားထိုးတာဝန်ယူဖို့ ရွေးချယ်ခံထားရပြီး ဟေတီနဲ့ ဒုတိယမြောက်ပွဲစဉ်အပြီး နိုဝင်ဘာ ၁၉ ရက်မှာ အမေရိကန်အသင်းမှ တရားဝင်ထွက်ခွာသွားပါတော့မယ်။
အမေရိကန်အသင်းက နည်းပြသစ်တစ်ဦးကို ရှာဖွေနေပြီး ပက်ဂွါဒီယိုလာကို မျက်စိကျနေတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
အသက် ၅၅ နှစ်အရွယ်နည်းပြက ပြီးခဲ့တဲ့ဘောလုံးရာသီကုန်ဆုံးချိန်၊ မန်စီးတီးနဲ့အတူ သူ့ရဲ့ သတ္တမမြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို လွဲချော်ပြီးနောက် အသင်းမှထွက်ခွာလာပြီး လတ်တလောမှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။
ဒါပေမဲ့ The Telegraph သတင်းစာရဲ့ဖော်ပြချက်အရ သတင်းတွေမှာ တခြားပုံစံဖော်ပြနေကြပေမဲ့ ပက်ဂွါဒီယိုလာကတော့ အမေရိကန်အသင်းနည်းပြအလုပ်ကို လက်ခံဖို့ လမ်းမဖွင့်ထားသလို ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို ငြင်းပယ်သွားလိမ့်မယ်လို့ သိရပါတယ်။
ဒါက အနာဂတ်မှာ နိုင်ငံလက်ရွေးစင်အသင်းတစ်ခုကို ကိုင်တွယ်ဖို့ ပက်ဂွါဒီယိုလာ စိတ်မဝင်စားဘူးလို့တော့ မဆိုလိုပါဘူး။
အာဆင်နယ်နဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း အွန်နရီလည်း ဒီရာထူးနဲ့ ချိတ်ဆက် သတင်းထွက်ပေါ်နေပေမဲ့ သူက ၂၀၂၁ ခုနှစ်၊ မွန်ထရီရယ်လ်မှ ထွက်ခွာလာပြီးနောက်ပိုင်း နည်းပြရာထူးတာဝန်နဲ့ ဝေးကွာနေခဲ့ပါတယ်။