The network connection is lost.

Banner Image

ပိုချက်တီနိုကြောင့် စာချုပ်နဲ့ပတ်သက်တဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ သဘောထား ပြောင်းလဲလာမယ်လို့ ယူနိုက်တက် ယုံကြည်နေ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က ကလပ်အသင်းရဲ့ ဒုတိယအကြိမ်မြောက် စာချုပ်သက်တမ်းတိုးကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဒီပေါ်တူဂီလက်ရွေးစင်ကစားသမားရဲ့ စာချုပ်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကုန်ဆုံးချိန် သက်တမ်းပြည့်မြောက်ဖို့ ရှိနေပြီး သရဲနီတွေဆီမှာတော့ သူ့ရဲ့စာချုပ်ကို ၂၀၂၈ ခုနှစ်၊ ဇွန်လအထိ နောက်ထပ် ၁၂ လ သက်တမ်းတိုးနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။

ဒါပေမဲ့ ယူနိုက်တက်က အဲဒီလိုနည်းလမ်းမျိုးကို အသုံးမပြုချင်ဘဲ အသက် ၃၂ နှစ်အရွယ် ကစားသမားနဲ့ နှစ်ဦးသဘောတူ စာချုပ်သစ် ချုပ်ဆိုချင်နေပြီး ကလပ်အသင်းတာဝန်ရှိသူတွေက စက်တင်ဘာလကတည်းက ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ အကြိတ်အနယ် ဆွေးနွေးနေခဲ့ပါတယ်။

အကယ်၍ ယူနိုက်တက်အနေနဲ့ သူတို့ရဲ့အသင်းခေါင်းဆောင်နဲ့ စာချုပ်သစ်သဘောတူညီမှု မရရှိရင်တော့ ပိုမိုကျယ်ပြန့်တဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၆ ခုနှစ်မကုန်မီမှာ တစ်နှစ်သက်တမ်းတိုးခွင့်ကို သေချာပေါက် အသက်သွင်းပါလိမ့်မယ်။

ဒါပေမဲ့ မိုက်ကယ်ကာရစ်ရဲ့နေရာမှာ ပိုချက်တီနိုကို အစားထိုးခေါ်ယူလိုက်တဲ့ လုပ်ရပ်ကြောင့် သက်ဆိုင်သူအားလုံးအတွက် အခြေအနေတွေ ပြောင်းလဲသွားစေခဲ့ပြီး ဖာနန်ဒက်စ်ကိုယ်တိုင်လည်း နည်းပြသစ်နဲ့အတူ သူ့ရဲ့အနာဂတ်အကြောင်း ဆွေးနွေးဖို့ အဆင်သင့် ရှိနေပါတယ်။

ပိုချက်တီနိုက ဖာနန်ဒက်စ်ကို မန်ချက်စတာမှာ ဆက်လက်ထိန်းသိမ်းထားချင်ပေမဲ့ ကလပ်အသင်းဘက်ကတော့ ဆွေးနွေးမှုတွေမှာ အလွန်အကျွံ အလျှော့ပေးသွားဖို့ မရှိလို့ စပို့တင်းလစ္စဘွန်းကွင်းလယ်လူဟောင်းအတွက် အဓိကဆုံးဖြတ်ချက်တစ်ခုကို မဖြစ်မနေ ချမှတ်သွားရပါတော့မယ်။