The network connection is lost.

Banner Image

မန်စီးတီးရဲ့ မရေမရာအခြေအနေတွေကြောင့် ဟာလန်းကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ် ယုံကြည်မှုရှိနေ

မန်စီးတီးနဲ့ပတ်သက်တဲ့ မရေမရာအခြေအနေတွေကြားမှာပဲ ဟာလန်းကို အမိအရခေါ်ယူနိုင်ဖို့ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ် ယုံကြည်မှုအပြည့်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက် ၁၁၅ ခုအတွက် ဘယ်လိုပြစ်ဒဏ်မျိုး ပေါ်ပေါက်လာမလဲဆိုတာ မန်စီးတီးရော၊ ကမ္ဘာတစ်ဝန်းပါ စောင့်ကြည့်နေကြပါတယ်။

ကလပ်အသင်းကတော့ ဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်ထားပေမဲ့ ဒဏ်ငွေမှစပြီး အင်္ဂလန်ထိပ်တန်းလိဂ်မှ ထုတ်ပယ်ခံရနိုင်ခြေအထိ ဘယ်ပြစ်ဒဏ်ကိုမှ ကြိုတင်ပယ်ချထားလို့ မရသေးပါဘူး။

ဂျာနယ်လစ် နစ်ခ်ဟဲရစ်ရဲ့အဆိုအရ မန်စီးတီးရဲ့စူပါစတားကြယ်ပွင့်တွေကို ခေါ်ယူဖို့ ကလပ်အသင်းတွေ အပြိုင်အဆိုင်စောင့်ကြည့်နေကြသလို ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်ကိုယ်တိုင်လည်း ဟာလန်းကို စပိန်မြို့တော်ဆီ ရောက်ရှိလာဖို့ ယုံကြည်မှုရှိနေတယ်လို့ သိရပါတယ်။

ဟာလန်းက ရီးရဲလ်မက်ဒရစ်ရဲ့ကာလရှည်ပစ်မှတ်တစ်ခု ဖြစ်ခဲ့ပြီး စပိန်ထိပ်သီးကလပ်အသင်းမှာ သူ ခြေချလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း နှစ်ပေါင်းများစွာကြာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပါတယ်။

သေချာတာကတော့ သူတို့ရဲ့ ခါးသီးပြိုင်ဘက် ဘာစီလိုနာကလည်း ဒီနော်ဝေတိုက်စစ်မှူးကို စိတ်ဝင်စားနေပါတယ်။

တကယ်လို့ မန်စီးတီးရဲ့အယူခံသာ မအောင်မြင်ဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရရှိဖို့အတွက် မန်စီးတီးကစားသမားတွေနဲ့ အေးဂျင့်တွေ ကြိုတင်ပြင်ဆင်နေကြပြီလို့လည်း ဟဲရစ်က ဖော်ပြထားပါတယ်။