ခံစစ်ပိုင်းပြဿနာတွေကို ဖြေရှင်းဖို့ ပရီးမီးယားလိဂ်ကြယ်ပွင့်နှစ်ဦးကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက် စိတ်ဝင်စားနေ
ခံစစ်ပိုင်းပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်နောက်ခံလူနှစ်ဦးကို သူတို့ရဲ့ပစ်မှတ်စာရင်းမှာ ထည့်သွင်းထားတယ်လို့ သတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီအနည်းငယ်အတွင်း ကစားသမားသစ်ခေါ်ယူမှုအပိုင်းမှာ ကလပ်အသင်ံအကြီးအကဲတွေက စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းကို ကျင့်သုံးခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ တိုက်စစ်ပိုင်းကို အဓိကအာရုံစိုက်ခဲ့သလို ၂၀၂၆ ခုနှစ်မှာတော့ ကွင်းလယ်ပိုင်းကို အာရုံစိုက်ခဲ့ကြပါတယ်။
ရာသီကုန်မှာ ကစားသမားအများအပြာထွက်ခွာသွားဖွယ် ရှိနေလို့ ၂၀၂၇ ခုနှစ်မှာတော့ ယူနိုက်တက်ရဲ့ခံစစ်ပိုင်း အပြည့်အ၀ရှင်းလင်းတည်ဆောက်ရမယ့် အချိန်ကာလဆီ ရောက်ရှိနေလာနိုင်ပါတယ်။
Daily Mail သတင်းစာရဲ့ဖော်ပြချက်အရ ဘရန့်ဖို့ဒ်ရဲ့အသက် ၂၅ နှစ်အရွယ် နေသန်ကောလင်းစ်နဲ့ ဖူလ်ဟမ်ရဲ့ အသက် ၂၆ နှစ်အရွယ် နိုင်ဂျီးရီးယားနောက်ခံလူဘတ်ဆေးတို့ကို ယူနိုက်တက်ရဲ့ပစ်မှတ်စာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
ခံစစ်ပိုင်းအင်အားဖြည့်တင်းမှုကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ စတင်လုပ်ဆောင်သွားဖို့ရှိပေမဲ့ ရာသီဝက်ကာလမှာ ဒီကစားသမားတွေကို ခေါ်ယူဖို့ဆိုတာ အခက်အခဲတော့ ရှိလာနိုင်ပါတယ်။