The network connection is lost.

Banner Image

အနီကတ်ပြစ်ဒဏ်ထိခဲ့တဲ့ အိုလီစီအတွက် ကာကွယ်ပြောဆိုပေးခဲ့တဲ့ ကွန်ပနီ

ဒီနေ့မနက်ပိုင်း၊ နော်ဝေနိုင်ငံအနောက်တောင်ပိုင်းမှာ ဗိုက်ကင်းနဲ့ တစ်ဖက်သုံးဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်အတွင်း အိုလီစီအနီကတ်ပြစ်ဒဏ်ထိခဲ့မှုနဲ့ပတ်သက်လို့ သုံးသပ်ရာမှာ ကွန်ပနီက တည်ငြိမ်ပြီး ထိန်းထိန်းသိမ်းသိမ်းရှိတဲ့ ချဉ်းကပ်မှုကို ပြသခဲ့ပါတယ်။

ပွဲစဉ်အပြီး အင်တာဗျူးဧရိယာ (mixed zone) မှာ ဘိုင်ယန်မြူးနစ်နည်းပြက " အမှားတစ်ခု ကျူးလွန်မိခဲ့တယ်ဆိုတာကို အိုလီစီကိုယ်တိုင်လည်း သိပါတယ်။ ဖြစ်ပျက်ခဲ့တဲ့အရာအတွက် သူ စိတ်မကောင်းဖြစ်နေသလို အသင်းကို စိတ်ပျက်စေမိလို့လည်း နောင်တရနေတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်" လို့ ပြောပါတယ်။

"ဒါ လုံးဝ အဆင်ပြေပါတယ်။ ဒီလိုအရာမျိုးတွေဆိုတာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီနေ့ပွဲစဉ်က ဗိုလ်လုပွဲ သို့မဟုတ် ဆီမီးဖိုင်နယ်လို ပွဲစဉ်မျိုး မဟုတ်ပေမဲ့ ဒါတွေက ရာသီတစ်ခုလုံးစာအပေါ် အဆုံးအဖြတ်ဖြစ်သွားစေနိုင်တဲ့ အခိုက်အတန့်မျိုး ဖြစ်ပါတယ်"

"ကိုယ့်ရဲ့ပြိုင်ဘက်ထက် အများကြီးပိုကောင်းနေချိန်မျိုးမှာ မလိုလားအပ်တဲ့ အခြေအနေတွေဆီ ပါဝင်ပတ်သက်မနေဘဲ ကိုယ့်ရဲ့ကစားဟန်အတိုင်း ကစားဖို့နဲ့ ပိုကောင်းတဲ့ အသင်းတစ်ခုဖြစ်စေဖို့အတွက်သာ အာရုံစိုက်ထားရပါမယ်"

"ပြိုင်ဘက်က သူ့ထက် ပိုပြီး ပါးနပ်သွားခဲ့တယ်လို့ ကျွန်တော် အိုလီစီကို ရှင်းပြခဲ့ပါတယ်။ အခုတော့ အဲဒါကို ကျွန်တော်တို့ပြောင်းလဲလို့ မရတော့ပါဘူး။ ဒါကို သင်ခန်းစာရယူရမယ့် အခိုက်အတန့်တစ်ခုအဖြစ် ကျွန်တော်တို့ ပြန်လည်တွေးတောနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ကွန်ပနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပြိုင်ဘက်ရဲ့ဦးဆောင်မှုနှစ်ကြိမ်ကို လိုက်လံချေပပြီး ဦးဆောင်ဂိုးပါ သွင်းယူနိုင်ခဲ့ပေမဲ့ ပွဲချိန်နှောင်းပိုင်းမှာ ချေပဂိုးပြန်လည်ခွင့်ပြုပေးခဲ့ရတဲ့ ဒီပွဲစဉ်နဲ့ပတ်သက်လို့ ဘယ်လ်ဂျီယံနည်းပြက "ဒါက ကျွန်တော်တို့ရဲ့အမှားသက်သက်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

"ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပွဲစဉ်လိုပဲ ကျွန်တော်တို့က အပြည့်အ၀ အသာစီးရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်မှာ အကောင်းမြင်စရာအချက်တွေ သေချာပေါက်ရှိနေသလို ကစားဟန်အရည်အသွေးလည်း သိပ်မဆိုးရွားခဲ့ပါဘူး"

"ဒါပေမဲ့ ကျွန်တော်တို့က အာရုံစူးစိုက်မှုဆိုင်ရာအမှားတွေကို ဆက်တိုက်ကျူးလွန်နေမိပြီး အဲဒီလိုအခိုက်အတန့်တွေမှာ လုံလုံလောက်လောက်ပါးနပ်တဲ့ ဆုံးဖြတ်ချက်တွေကို မချမှတ်နိုင်ကြပါဘူး။ အော့စ်ဘတ်နဲ့ပွဲစဉ်မှာဆိုရင် ၈ စက္ကန့်အကြာမှာပဲ ဂိုးပေးလိုက်ရသလို ဒီနေ့မှာလည်း တစ်မိနစ်ခွဲအကြာမှာတင် ဂိုးပေးလိုက်ရပြန်ပါတယ်" လို့ ဆိုပါတယ်။