ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်အာနိုးလ်ကို ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ အကြုံပြုလိုက်တဲ့ ဟတ်စကီး
အင်္ဂလန်နဲ့ လီဗာပူးကြယ်ပွင့်ဟောင်း ဟတ်စကီးက အာနိုးလ်ကို ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း စပိန်နိုင်ငံရဲ့မြို့တော်ဆီ ပြောင်းရွှေ့လာပြီးနောက် အာနိုးလ်အတွက် ပွဲကစားချိန်မိနစ်နည်းပါးနေမှုကို တိုက်စစ်မှူးဟောင်း စိုးရိမ်နေပြီး အခုလို တိုက်တွန်းအကြံပြုချက် ထွက်ပေါ်လာခဲ့ပါတယ်။
Eldorado သတင်းဌာနဆီ ဟတ်စကီးက "ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့မှုက အာနိုးလ်အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။ ဂျာမန်လိဂ်ဖြစ်တဲ့ ဘွန်ဒက်စ်လီဂါက ပြိုင်ဆိုင်မှု အရမ်းပြင်းထန်ပါတယ်"
"သူသာ အဲ့ဒီလိဂ်ရဲ့အကြီးမားဆုံးကလပ်အသင်းဆီ ရောက်ရှိသွားမယ်ဆိုရင် သူ့အတွက် တကယ့်ကို အံ့အားသင့်ဖွယ် ကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ လီဗာပူးဆီ သူပြန်ရောက်လာတာကိုလည်း ကျွန်တော်မြင်ချင်ပါတယ်" လို့ ပြောပါတယ်။
အင်္ဂလန်နောက်ခံလူနဲ့ပတ်သက်လို့ ဟတ်စကီးက "သူ့ကို ခံစစ်ပိုင်းအားနည်းတဲ့ နောက်ခံလူတစ်ဦးအဖြစ် ကျွန်တော်တို့ ပြောဆိုနေကြတဲ့ အဆိုးမြင်စကားလုံးတွေအားလုံးထက် သူ့ရဲ့တစ်ဦးချင်းကစားပုံမှာရှိတဲ့ အပြုသဘောဆောင်ကောင်းကွက်တွေက ပိုပြီး များပြားပါတယ်"
"တိုက်စစ်ဆင်ချိန် သူ ဖြည့်ဆည်းပေးနိုင်တဲ့ အရာတွေက အဲဒီအားနည်းချက်တွေကို အများကြီး ဖုံးလွှမ်းသွားနိုင်ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။
လက်ရှိမှာ အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့စာချုပ်သက်တမ်းက ၂၀၃၁ ခုနှစ်၊ ဇွန်လအထိ ကျန်ရှိနေသေးလို့ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။