ကွင်းလယ်ပိုင်းပြန်လည်တည်ဆောက်မှုအဖြစ် မက်အယ်လစ္စတာကို ရောင်းထုတ်သွားဖို့ လီဗာပူး အသင့်ဖြစ်နေ
ကွင်းလယ်ပိုင်းပြန်လည်တည်ဆောက်ရေး ရန်ပုံငွေရှာဖွေဖို့အတွက် မက်အယ်လစ္စတာကို စွန့်လွှတ်သွားဖို့ လီဗာပူးအသင်း အသင့်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
လီဗာပူးက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ပြီး ပြောင်းရွှေ့ကြေးပမာဏကြီးမားတဲ့ ခေါ်ယူမှုတွေအပြင် ပေါင်သန်း ၁၀၀ ကျော်တန် ကစားသမားသုံးဦးအထိ ခေါ်ယူထားခဲ့ပါတယ်။
Sky Sports Switzerland ရဲ့ဖော်ပြချက်အရ ကွင်းလယ်ပိုင်းပြင်ဆင်ဖို့အာရုံစိုက်လာမှုနဲ့အတူ လီဗာပူးအသင်းရဲ့ အခုလိုငွေကြေးသုံးစွဲမှုပုံစံမျိုးကို ၂၀၂၇ ခုနှစ်အထိ ဆက်လက်မြင်တွေ့ရနိုင်တယ်လို့ သိရပါတယ်။
ဒီလိုပြန်လည်တည်ဆောက်မှုအတွက် စွန့်လွှတ်အနစ်နာခံမှုတွေလည်း သေချာပေါက် ရှိလာပါလိမ့်မယ်။ အခုတော့ လီဗာပူးက မက်အယ်လစ္စတာကို ပြန်လည်ရောင်းထုတ်သွားမယ့်ရွေးချယ်မှုဆီ ပိုမိုဦးတည်လာပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ကာလအတန်ကြာ ထွက်ပေါ်ခဲ့ဖူးပေမဲ့ မက်အယ်လစ္စတာကတော့ ဒီသတင်းတွေနဲ့ အမြဲလုလို ခပ်ခွာခွာပဲ နေခဲ့ပါတယ်။
အန်းဖီးလ်မှာ ဒီအာဂျင်တီးနားလက်ရွေးစင်ကစားသမားရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၈ ခုနှစ်၊ နွေရာသီအထိ ရှိနေပြီး လာမယ့်နွေရာသီကာလအတွင်း မက်အယ်လစ္စတာကို ရောင်းချမယ်ဆိုရင်သာ လီဗာပူးအတွက် ပြောင်းရွှေ့ကြေးပမာဏ ကြီးကြီးမားမား ရရှိနိုင်ပါလိမ့်မယ်။