The network connection is lost.

Banner Image

အီတလီမြေမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ကိုမို ၄-၁ မန်ချက်စတာယူနိုက်တက် (ပွဲပြီးရလဒ်)

ပွဲစဉ်မတိုင်ခင် အများစုခန့်မှန်းထားသလိုပဲ အခုအီတလီမြေပွဲစဉ်မှာ ကာရစ်ရဲ့အသင်းက ဖာဘရီဂတ်စ်ရဲ့အသင်းကို ဘယ်လိုမှမယှဉ်ပြိုင်နိုင်ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ အခုပွဲစဉ်စတင်လာချိန်မှာပဲ ကိုမိုအတွက် လူငယ်ကြယ်ပွင့်နီကိုပက်ဇ်က ဦးဆောင်ဂိုးသွင်းယူခဲ့လို့ ယူနိုက်တက်တို့ ဖိအားတွေအောက် ကျရောက်သွားပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာလည်း ကိုမိုအတွက် ဒူဗီကတ်စ်၊ နီကိုပက်ဇ်နဲ့ ရာမွန်တို့က သွင်းဂိုးတွေရယူပေးခဲ့ပြီး ပြတ်သားတဲ့ရလဒ်တစ်ခုကို ပုံဖော်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ နာကျင်အချိန်ပိုမှာ လူစားဝင်တိုက်စစ်မှူးဇစ်ဇီးက သွင်းယူခဲ့ပါတယ်။