The network connection is lost.

Banner Image

လီဗာပူး၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့စိတ်ဝင်စားမှုကို မန်ဇမ်ဘီ ပယ်ချ

လီဗာပူး၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပေမဲ့ အက်စတွန်ဗီလာကွင်းလယ်လူ ဂျိုဟန်မန်ဇမ်ဘီက အသင်းမှ ချက်ချင်းထွက်ခွာမယ့်အစီအစဉ်ကို ပယ်ချလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

အသက် ၂၁ နှစ်အရွယ်ဆွစ်ဇာလန်လက်ရွေးစင်ကစားသမားက ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ဖရိုင်းဘတ်မှ အက်စတွန်ဗီလာဆီ ယူရိုသန်း ၆၀ ဖြင့် ပြောင်းရွှေ့လာခဲ့ပြီး ၂၀၃၁ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။

မန်ဇမ်ဘီက ပရီးမီးယားလိဂ်လေးပွဲကစားပြီးချိန် နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ကာ အထင်ကြီးစရာရာသီအစခြေစွမ်းပိုင်းကို ပြသထားပါတယ်။

ဥရောပထိပ်သီးကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှု မြင့်တက်နေပေမဲ့ နည်းပြအူနိုင်းအမ်မရီလက်အောက်မှာ သူ့ရဲ့ကစားသမားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်အကောင်အထည်ဖော်သွားဖို့ဆိုတာ အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်လို့ မန်ဇမ်ဘီ ယုံကြည်နေပါတယ်။

ဘိုင်ယန်မြူးနစ်က မန်ဇမ်ဘီရဲ့ဘွန်ဒက်စ်လီဂါကစားသမားဘ၀စတင်ချိန်ကတည်းက သဘောကျနှစ်သက်ခဲ့သလို အင်္ဂလန်မှာပြသနေတဲ့ သူ့ရဲ့ခြေစွမ်းတွေကိုလည်း အားရကျေနပ်နေပါတယ်။

ဒါပေမဲ့လည်း ကွင်းလယ်ကစားသမားက ဗီလာပတ်ခ်မှာ ပျော်ရွှင်နေပြီး အသင်းမှထွက်ခွာဖို့အတွက် လတ်တလော အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။