The network connection is lost.

Banner Image

အံ့ဖွယ်နှစ် ၂၀ ကြာ ကစားသမားဘဝ ဖြတ်သန်းပြီးနောက် အနားယူပြီလို့ ကမ္ဘာ့ဖလားချန်ပီယံပက်ဒရိုအတည်ပြု

စပိန်တိုက်စစ်မှူးဟောင်းပက်ဒရိုရိုဒရီဂွက်ဇ်က အဓိကဆုဖလား ၂၅ လုံးအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ နှစ် ၂၀ ကြာ အောင်မြင်မှုအပြည့် ကစားသမားဘ၀ကို အဆုံးသတ်ရင်း အသက် ၃၉ နှစ်အရွယ်မှာပဲ အနားယူပြီလို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လ၊ စာချုပ်သက်တမ်းကုန်ဆုံးချိန် လာဇီယိုမှ ထွက်ခွာလာတဲ့ ပက်ဒရိုက နယ်သာလန်ကိုအနိုင်ယူကာ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားချန်ပီယံဆုဆွတ်ခူးခဲ့တဲ့ စပိန်အသင်းရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်ယ။ ဒါ့အပြင် စပိန်ကို ယူရို-၂၀၁၂ ချန်ပီယံဆု ဆွတ်ခူးနိုင်အောင်လည်း ကူညီပေးခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်မှတဆင့် ပက်ဒရိုက "အချိန်တန်ပြီလို့ ကျွန်တော် ခံစားမိပါတယ်။ ရှေ့တစ်လှမ်း လှမ်းတက်ပြီး ကျွန်တော့်ဘဝရဲ့အခန်းကဏ္ဍသစ်တစ်ခုကို စတင်သွားရမယ့် အချိန်ပါပဲ"

"ကိုယ့်ရဲ့အိပ်မက်အတိုင်း နေထိုင်ခွင့်ရခဲ့တဲ့အတွက်ရော ဒါကို လက်တွေ့ ဖြစ်လာစေဖို့ ကျွန်တော့်ဘေးမှာ ရပ်တည်ပေးခဲ့ကြသူတွေ အားလုံးအတွက်ပါ ကျွန်တော် ဂုဏ်ယူစွာနဲ့ အနားယူပါတယ်။ ကျွန်တော့်ကို အလွန်ပျော်ရွှင်စေခဲ့တဲ့အတွက် ဘောလုံးအားကစားကို ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။

ပက်ဒရိုက ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာရဲ့စီနီယာအသင်းကြီးဆီ စတင်တက်လှမ်းခဲ့ပြီး ပက် ဂွါဒီယိုလာလက်အောက် ခြေစွမ်းပြသကာ ကတ္တလန်ကလပ်နဲ့အတူ အဓိကဆုဖလား ၂၀ လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တီနီရိုက်ဖ်ဖွားတိုက်စစ်မှူးက ၂၀၁၅ ခုနှစ်၊ ချဲလ်ဆီးဆီ မပြောင်းရွှေ့ခင် ၂၀၁၁ ခုနှစ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူချိန်၊ ဘာစီလိုနာအတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။

သူက စတမ်းဖို့ဒ်ဘရစ်ချ်ကစားသမားဘ၀၊ ဒုတိယမြောက်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီး နောက်ပိုင်းမှာ ရိုးမားအတွက် တစ်ရာသီကစားပေးခဲ့သလို မြို့ခံပြိုင်ဘက်လာဇီယိုဆီ ပြောင်းရွှေ့ပြီး ကစားသမားဘ၀နောက်ဆုံးငါးနှစ်ကာလကိုလည်း ဖြတ်သန်းခဲ့ပါတယ်။

ပက်ဒရိုက ကလပ်အသင်းအဆင့်မှာ ၇၉၄ ပွဲ ကစား၊ ၁၉၇ ဂိုး သွင်းယူခဲ့ပြီး စပိန်လက်ရွေးစင်အသင်းအတွက် ၆၅ ပွဲကစား၊ ၁၇ ဂိုး သွင်းယူခဲ့ပါတယ်။