နယ်သာလန်နဲ့သရေကျခဲ့တဲ့ ဂျာမနီနည်းပြဘ၀ပွဲဦးထွက်အပေါ် မှတ်ချက်ပေးလာတဲ့ ယာဂန်ကလော့ပ်
ယာဂန်ကလော့ပ်က နယ်သာလန်နဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ဂျာမနီလက်ရွေးစင်နည်းပြဘ၀၊ သူ့ရဲ့ပထမဆုံးပွဲစဉ်နဲ့ပတ်သက်လို့ သုံးသပ်ချက်တွေကို မျှဝေလိုက်ပါတယ်။
ယာဂန်ကလော့ပ်ကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာပဲ ဂျာမနီတို့ နိုင်ပွဲရရှိဖို့ အလွန်နီးစပ်ခဲ့ပေမဲ့ ဂတ်ပိုရဲ့နောက်ကျချေပဂိုးကြောင်း သရေတစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။
ပွဲစဉ်အပြီး ကလော့ပ်က ကစားသမားတွေရဲ့ကစားပုံ၊ အထူးသဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပေမဲ့ တိုးတက်အောင် လုပ်ဆောင်သွားရမယ့် အချက်တွေလည်း ရှိနေပါသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။
"ကျွန်တော် ကွင်းဘေးစည်းမှာ အကြိမ် ၁,၀၀၀ ကျော် ရပ်တည်ခဲ့ဖူးလို့ ဒီနေရာအကြောင်း ကောင်းကောင်းသိပါတယ်။ ဒါ ဘာမှမပြောင်းလဲသွားပါဘူး" လို့ ကလော့ပ်က ပြောပါတယ်။
"တစ်ဦးချင်းစွမ်းဆောင်ရည်အများစုအပေါ် အလွန်ကျေနပ်အားရမိပါတယ်။ ခြုံငုံကြည့်မယ်ဆိုရင် ကျွန်တော်တို့ပြသခဲ့တဲ့ စိတ်အားထက်သန်မှုကို အလွန်ကျေနပ်မိပါတယ်။ ကျွန်တော်တို့ အခုထက်ပိုကောင်းအောင် ကစားနိုင်သလို ဘောလုံးကို ပိုပြီး ထိန်းချုပ်ကစားနိုင်မယ်ဆိုတာလည်း သေချာပါတယ်။
ကျွန်တော်တို့ အလုပ်တွေ ပိုများအောင် လုပ်မိခဲ့လို့ ပိုပြီးပြေးလွှားအားထုတ်ခဲ့ရပြီး နှစ်သင်းလုံးအတွက် ပင်ပန်းတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်လည်း နိုင်ပွဲရချင်ပေမဲ့ အခုသေရတစ်မှတ်အပေါ် အတော်လေးကျေနပ်မိပါတယ်" လို့ သူက ဆိုပါတယ်။
ကလော့ပ်ရဲ့အသင်းက လာမယ့်တနင်္ဂနွေနေ့မှာ ဂရိနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။