အာဆင်နယ်နဲ့ပွဲစဉ်ကို ဆန်းဒါးလန်းကစားသမားနှစ်ဦး လွဲချော်လိမ့်မယ်လို့ နည်းပြလီဘရစ် အတည်ပြု
ဆန်းဒါးလန်းနည်းပြလီဘရစ်စ်က အာဆင်နယ်နဲ့ကစားရမယ့် စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်ကို မွန်ဒဲလ်နဲ့ ဟာဘစ်ဒီယာရာတို့နှစ်ဦး ဒဏ်ရာကြောင့် လွဲချော်မယ်လို့ အတည်ပြုခဲ့ပါတယ်။
ကြောင်နက်တွေက လက်ရှိချန်ပီယံအာဆင်နယ်အသင်းကို အလင်းရောင်ကွင်းကြီးမှာ ဧည့်ခံကစားရဖို့ရှိနေပြီး နည်းပြလီဘရစ်အတွက် လက်ကျန်ကစားသမားအစုံအလင်ကို အသုံးပြုခွင့်ရှိထားပါတယ်။
ဟာဘစ်ဒီယာရာက တံကောက်ကြောဒဏ်ရာမှ ပြန်လည်သက်သာလာဖို့ ကုသမှု ခံယူနေရပြီး လာမယ့်နိုင်ငံတကာသီတင်းပတ်အပြီးမှာ ပြန်လည်ကစားနိုင်ဖို့ မျှော်လင့်ရပါတယ်။
"ရိုမိန်းမွန်ဒဲလ်ကတော့ ဒူးဒဏ်ရာရရှိခဲ့ပြီး သူရဲ့ရာသီကြိုပြင်ဆင်မှုတွေကို ကောင်းကောင်းလုပ်ဆောင်ထားနိုင်လို့ တကယ် နှမြောစရာကောင်းပါတယ်" လို့ လီဘရစ်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ သူ့ကို အပြည့်အဝပံ့ပိုးပေးသွားဖို့ရှိသလို နှစ်ကုန်ပိုင်းလောက်မှာ အဆင်သင့်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဟာဘစ်ဒီယာရာကတော့ ဒဏ်ရာမှ ပြန်လည်သက်သာလာဖို့အတွက် ကုသမှုခံယူနေဆဲပါပဲ" လို့ ဆိုပါတယ်။