နှစ်ပွဲဆက်နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ်ဇယားထိပ်ပိုင်းမှာ ဆက်လက်ရပ်တည်နေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းက အလွန်ဆိုလက်ထက် တိုက်စစ်အစွမ်းပြနေဆဲဖြစ်ပြီး ပက်ဒရို၊ ရော်ဂျာစ်နဲ့ ပယ်လ်မာ တိုက်စစ်အတွဲကလည်း ဂိုးမြူးနေပါတယ်။
ဒါပေမဲ့ ခံစစ်ပိုင်းက အားနည်းနေဆဲဖြစ်ပြီး ဂိုးသမားအပြောင်းအလဲလုပ်ထားပေမဲ့ ဂိုးအများအပြားကတော့ ဆက်ပေးနေဆဲဖြစ်ပါတယ်။
ဒါ့အပြင် ကိုင်စီဒို ဒဏ်ရာရသွားတာက ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပေမဲ့ လိုအပ်နေတဲ့နိုင်ပွဲတွေကိုတော့ ရယူကာ နှစ်ပွဲကစား ရမှတ် ၆မှတ်နဲ့အတူ ဇယားထိပ်ပိုင်းမှာ ရပ်တည်ထားနိုင်ခဲ့ပါတယ်။