ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ စိတ်ပျက်မိတယ်လို့ ဒေးဗစ်မိုယက်စ်ဖွင့်ဟ
အဲဗာတန်နည်းပြဒေးဗစ်မိုမက်စ်က ချဲလ်ဆီးကို အိမ်ကွင်းမှာ ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ကာ ပရီးမီးယားလိဂ်ရာသီအစရှုံးပွဲမရှိစံချိန်ကောင်း ရပ်တန့်သွားပြီးနောက် ပွဲနေ့ဒိုင်လူကြီးပေါလ်တီယာနေးရဲ့ဆုံးဖြတ်ချက်တွေကို စိတ်ပျက်ဒေါသထွက်နေခဲ့ပါတယ်။
အလွန်ဆိုရဲ့ဧည့်သည်အသင်းအတွက် နက်တိုရဲ့ဒုတိယပိုင်းပွဲချိန်သွင်းဂိုးတွေနဲ့အတူ အဖိုးတန်နိုင်ပွဲ ပေါ်ပေါက်လာခဲ့ပါတယ်။
အခုပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးတီယာနေးက အဝါကတ်ခုနစ်ခုအထိ အသုံးပြုခဲ့ပြီး ပထမဆုံးအဝါကတ်ကိုတော့ အာချီပေါင်အပေါ် ကစားပုံကြမ်းတမ်းတဲ့ အဲဗာတန်ကွင်းလယ်လူအမ်းစထရောင်းအတွက် ပြသခဲ့ပေမဲ့ ဂျိမ်းစ်ဂါနာအပေါ် ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တဲ့ မော်ဂန်ရိုဂျာစ်ကိုတော့ ဒုတိယမြောက်အဝါကတ်ပြသဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်နှစ်ခုလုံးကို အခြားရှုထောင့်မှတဆင့် ဆုံးဖြတ်သင့်တယ်လို့ မိုယက်စ်က ယုံကြည်နေပြီး အမ်းစထရောင်းအပေါ် အဝါကတ်ပြသမှုကို အလွန်အကျူးအပြုအမူလို့ နှစ်ဖက်အသင်းပရိသတ်တွေကိုယ်တိုင် ယူဆခဲ့ပါတယ်။
ဒေးဗစ်မိုယက်စ်က "ဒီနိုင်ငံရဲ့ ဘောလုံးလောကမှာ အမ်းစထရောင်းဖျက်ထုတ်ခဲ့တဲ့ ပုံစံမျိုးကို ခွင့်မပြုတော့ဘူးဆိုရင်တော့ ကျွန်တော်လည်း မပြောတတ်တော့ပါဘူး။ ဥရောပမှာ အကောင်းဆုံးဖြစ်စေချင်တဲ့ သို့မဟုတ် အချို့အရာတွေကို ခွင့်ပြုပေးတတ်လို့ ကိုယ့်ကိုယ်ကိုယ် အတော်ဆုံးယူဆနေကြတဲ့ ဒိုင်လူကြီးတွေ ကျွန်တော်တို့ဆီမှာ ရှိနေပါတယ်"
"ဒါက သာမန်ဖျက်ထုတ်မှုတစ်ခုပဲလို့ ကျွန်တော်ယူဆခဲ့ပါတယ်။ ကျွန်တော် မှားတယ်လို့ တစ်ဦးဦးက ပြောကောင်းပြောနိုင်သလို တခြားပုံစံနဲ့လည်း ပြောနိုင်ပေမဲ့ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လားဆိုတာ ကျွန်တော် သေချာမသိပါဘူး"
"အဲဒီအချိန်ဆုံးဖြတ်ချက်အပေါ် ကျွန်တော် တကယ်ပဲ စိတ်ပျက်ခဲ့ရပါတယ်။ ဂါနာအပေါ် ရိုဂျာစ်ရဲ့ဖျက်ထုတ်မှုကို ကျွန်တော် ကြည့်ခဲ့ပြီး တချို့က တခြားပုံစံ ပြောချင်ပြောကြပါလိမ့်မယ်။ ကျွန်တော့်အမြင်မှာတော့ ဒါက ဒုတိယအဝါကတ် ဖြစ်သင့်တယ်လို့ ထင်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး" လို့ ပြောပါတယ်။