ဂျီဗာဒီအောရဲ့နောက်ကျသွင်းဂိုးနဲ့အတူ ဘုန်းမောက်ကို အနိုင်ယူခဲ့တဲ့ မန်စီးတီး
မန်စီးတီး ၂ - ၁ ဘုန်းမောက် (ပွဲပြီးရလဒ်)
ကစားသမားအင်အားနည်းနေတဲ့ မန်စီးတီးအသင်းက ဘုန်းမောက်ကို အိမ်ကွင်းမှာ အနိုင်ရဖို့ အသည်းအသန်ကစားခဲ့ရပြီး ဂျီဗာဒီအောရဲ့နောက်ဆုံးမိနစ်သွင်းဂိုးကြောင့် အနိုင်ရခဲ့ပါတယ်။
ဘုန်းမောက်က ပထမပိုင်းမှာ တာဗာနီယာရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ခံစစ်ကစားသမားတွေဖြစ်တဲ့ ဂူဟီ၊ ဂျီဗာဒီအောတို့ရဲ့သွင်းဂိုးတွေကြောင့် နိုင်ပွဲနဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့အတူ ပြိုင်ပွဲတွေအများအပြားယှဉ်ပြိုင်ရမယ့် မန်စီးတီးတို့ အပြောင်းအရွှေ့မပိတ်ခင် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။