စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့တဲ့ ချဲလ်ဆီး
ချဲလ်ဆီး ၅-၁ ဘုန်းမောက် (ပွဲပြီးရလဒ်)
အခုလန်ဒန်မြေပွဲစဉ်မှာ အိမ်ရှင်ချဲလ်ဆီးက ကွင်းလယ်လူဟန်ဒါဆန်ရဲ့ငယ်မူငယ်သွေးပြသနိုင်မှုနဲ့အတူ အဖိုးတန်သုံးမှတ်အပြည့် ရရှိသွားခဲ့ပါတယ်။ ပွဲအစပိုင်းမှာပဲ ချဲလ်ဆီးက ဟန်ဒါဆန်၊ ရိုဂျာစ်တို့ရဲ့သွင်းဂိုးတွေနဲ့ ပြိုင်ဘက်ကို ဦးဆောင်ကစားနိုင်ခဲ့သလို ဒုတိယပိုင်းစစချင်းမှာပဲ ဂျော်အိုပက်ဒရိုက ဂိုးသွင်းယူပေးလို့ သုံးဂိုးပြတ်အထိ ဦးဆောင်နိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာ အီဗန်နယ်လ်ဆင်က ဧည့်သည်တွေအတွက် တစ်လုံးတည်းသောချေပဂိုးကို သွင်းယူပေးခဲ့ပေမဲ့ ဂျော်အိုပက်ဒရိုနဲ့ ဟန်ဒါဆန်တို့ရဲ့သွင်းဂိုးတွေ ထပ်မံပေါ်ပေါက်လာလို့ အိမ်ရှင်တွေအတွက် ဂိုးပြတ်နိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။