The network connection is lost.

Banner Image

လိုင်လီကို အနိုင်ယူပြီးနောက် အာဆင်နယ်ရဲ့လူစာရင်းအင်အားတောင့်တင်းမှုကို ချီးကျူးလိုက်တဲ့ အာတီတာ

လိုင်လီကို ၃-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့တဲ့ အင်္ဂါညပိုင်း ချန်ပီယံလိဂ်ပွဲစဉ်အပြီး အာဆင်နယ်နည်းပြအာတီတာက သူ့ရဲ့ကစားသမားအစုအဖွဲ့ကို အပြည့်အ၀ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

အမ်းမရိတ်စ်ကွင်း၊ ပြင်သစ်လီဂူးဝမ်းကလပ်အသင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ကလပ်အသင်းက ဒုတိယပိုင်းပွဲချိန် ရှစ်မိနစ်အတွင်းမှာတင် သုံးဂိုးအထိ သွင်းယူပြီး အိမ်ကွင်းအနိုင်သုံးမှတ်အပြည့် ရယူသွားခဲ့ပါတယ်။

အဆိုပါ ပရီးမီးယားလိဂ် ကလပ်က အမ်းမရိတ်စ် ကွင်းမှာ လိုင်လီနဲ့ပွဲစဉ်၌ ဒုတိယပိုင်း ၈ မိနစ်အတွင်းမှာတင် သုံးဂိုးစလုံးကို သွင်းယူပြီး သုံးမှတ် အပြည့် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုပွဲစဉ်အတွက် ဆာကာက အစစ်အမှန်အလှည့်အပြောင်းကို ဖန်တီးပေးနိုင်သူ ဖြစ်ပြီး ပွဲချိန် ၆၅ မိနစ်၊ အရန်ခုံမှတဆင့် လူစားဝင်လာပြီးနောက် အီဇီအတွက် ဂိုးဖန်တီးပေးခဲ့သလို သွင်းဂိုးပါ ရယူခဲ့ပါတယ်။

လတ်တလောမှာ အာဆင်နယ်က အင်္ဂလန်နဲ့ ဥရောပအဆင့်မှာပါ အကောင်းဆုံးလူစာရင်းစုဖွဲ့မှုကို ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပြီး ဒါကို နည်းပြအာတီတာကိုယ်တိုင်လည်း ကောင်းကောင်းနားလည်သဘောပေါက်ထားပါတယ်။

ပွဲအပြီး TNT Sports နဲ့တွေ့ဆုံချိန် အာတီတာက "ကျွန်တော်တို့ရဲ့ နည်းစနစ်ပိုင်း အဆင့်အတန်းကို မြှင့်တင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲအဆင့်အတန်းမှာ အသင်းတိုင်း အသင်းလိုက်စုဖွဲ့ပုံ တကယ်ကို ကောင်းမွန်ကြပါတယ်"

"ကျွန်တော်တို့လည်း ရိုးစင်းတဲ့ အမှားတွေ ကျူးလွန်ခဲ့ပါတယ်။ ဘောလုံးထိန်းသိမ်းပုံ ညံ့ဖျင်းတာ၊ အချိန်အဆ လွဲချော်တာ၊ ဂိုးဧရိယာဆီ ဘောလုံးပေးပို့ချိန် နေရာလွဲမှားပြီး ပိတ်ဆို့ခံရတာတွေ ရှိခဲ့ပါတယ်"

"အဲဒါတွေကို ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ချိန်မှာတော့ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ ဂိုးဧရိယာဆီ စတင်ဝင်ရောက်ကစားနိုင်ခဲ့ပြီး ကျွန်တော်တို့ဆီမှာရှိတဲ့ အရည်အသွေးနဲ့အတူ ကစားသမားတွေကိုယ်တိုင် အလှည့်အပြောင်းကို ဖန်တီးပေးခဲ့ပါတယ်" လို့ ပြောပါတယ်။

လူစားဝင်ကစားသမားတွေရဲ့အရည်အသွေးနဲ့ ပတ်သက်လို့ သူက "ပွဲထွက်ကစားခဲ့သူတွေလည်း အံ့ဩစရာနေရာယူမှုတွေ ရှိခဲ့ကြပါတယ်။ ပွဲကိုအဆုံးသတ်ပေးခဲ့သူတွေကတော့ ထူးခြားပြောင်မြောက်ခဲ့ကြပြီး ကစားကွက်ပြင်းထန်မှုနဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်"

"သူတို့နဲ့ထိုက်တန်လို့ ပွဲကစားချိန်တွေ ပေးခဲ့တာပါ။ ပြိုင်ဆိုင်မှုတွေနဲ့ ရွေးချယ်စရာတွေကို တွေ့မြင်နေရလို့ လူတိုင်း ကြိုးစားသွားဖို့တော့ လိုအပ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ပိုင်းကို ပိုမိုအကျိုးပြုစေပါလိမ့်မယ်" လို့ ပြောပါတယ်။

နောက်ပွဲစဉ်အတွက် ပြင်ဆင်မှုနဲ့ ပတ်သက်လို့ "ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ ခက်ခဲပါတယ်။ လိုင်လီလည်း ထူးခြားတဲ့အသင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အနိုင်ရလဒ်က ကျွန်တော်တို့အတွက် အထောက်အကူဖြစ်စေပြီး လာမယ့်တနင်္ဂနွေနေ့ပွဲစဉ်အတွက် ပြင်ဆင်ချိန် ခွန်အားတွေ ပိုမိုရရှိလာပါလိမ့်မယ်" လို့ ဂန်းနားနည်းပြက ဆိုပါတယ်။