The network connection is lost.

Banner Image

အာတီတာရဲ့စာချုပ်သစ်ကိစ္စ ဆွေးနွေးနေမှုအပေါ် အလွန်အားရကျေနပ်နေတဲ့ အာဆင်နယ်အကြီးအကဲ

အာဆင်နယ်အသင်းအမှုဆောင်အရာရှိချုပ် ရစ်ချတ်ဂါးလစ်ခ်က အာတီတာကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် လုပ်ဆောင်နေတဲ့ ဆွေးနွေးမှုအခြေအနေတွေအပေါ် အလွန်ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ်နည်းပြက အာဆင်နယ်အသင်းကို စတင်တာဝန်ယူပြီးနောက်ပိုင်း အဓိကအပြောင်းအလဲတွေကို ပုံဖော်ပေးခဲ့ပြီး အမြဲတမ်းနီးပါး ဆုဖလားနဲ့ လွဲချော်နေခဲ့တဲ့ အခြေအနေမှ ယမန်နှစ်ဘောလုံးရာသီမှာ အသင်းအတွက် နောက်ဆုံး ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိအောင် ဦးဆောင်ပေးခဲ့ပါတယ်။

ဒါကြောင့် စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ဝင်ရောက်လာတဲ့ အာတီတာအတွက် စာချုပ်သစ်ပေးဖို့ ကြိုးပမ်းနေတဲ့ ဂန်းနားတွေရဲ့ကြိုးပမ်းမှုက အံ့ဩစရာ မဟုတ်ပါဘူး။

အာဆင်နယ်အသင်းအမှုဆောင်အရာရှိချုပ်ဂါးလစ်ခ်ကလည်း စာချုပ်သစ်ပေါ်မှာ အာတီတာကိုယ်တိုင် မကြာခင် လက်မှတ်ရေးထိုးသွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Sky Sports News နဲ့ တွေ့ဆုံချိန် ဂါးလစ်ခ်က "ဒီလုပ်ငန်းစဉ်ကို စတင်နေပြီး တိုးတက်မှု အခြေအနေတွေအပေါ် ကျွန်တော်တို့အားလုံး အလွန်ကျေနပ်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွက် ကျွန်တော်တို့ ဖြတ်သန်းရမယ့် အပြောင်းအရွှေ့ဈေးကွက် ရှိနေသေးပေမဲ့ ဒီစာချုပ်သစ်ကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်နိုင်အောင် လုပ်ဆောင်သွားပါမယ်။

ဆွေးနွေးမှုတွေလည်း အတော်ကြာကြာ လုပ်ဆောင်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့က ရုတ်တရက်ကြီး ဆွေးနွေးလာတာမျိုး မဟုတ်ပါဘူး။ လနဲ့ချီ ဆွေးနွေးခဲ့ပြီး ဒါတွေမှာ တကယ်ကိုတိုးတက်ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်နေပါတယ်။

အာတီတာကိုယ်တိုင်လည်း ဒီကလပ်အသင်းမှာ ဆက်ရှိနေချင်သလို ကျွန်တော်တို့ကလည်း သူ့ကို အသင်းမှာ ဆက်ရှိစေချင်လို့ မကြာခင်မှာ ကောင်းမွန်တဲ့အဖြေတစ်ခု ထွက်လာလိမ့်မယ် သေချာပေါက်ယုံကြည်ပါတယ်" လို့ ဂါးလစ်ခ်က ဆက်ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို နှစ်ကြိမ်ဆက် မရရှိခဲ့ဖူးပါဘူး။ သူတို့တွေက လာမယ့်သောကြာနေ့၊ အိမ်ကွင်းမှာ တန်းတက်ကိုဗင်ထရီအသင်းကို ဧည့်ခံကစားရင်း ချန်ပီယံဆုကာကွယ်ရမယ့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီသစ်ကို စတင်သွားပါမယ်။