The network connection is lost.

Banner Image

ကစားသမားသစ်နှစ်ဦး ထပ်မံခေါ်ယူပေးဖို့ နယူကာဆယ်အသင်းတာဝန်ရှိသူတွေဆီ တောင်းဆိုလိုက်တဲ့ ဂျေဆဲလ်

နယူးကာဆယ်နည်းပြမားကပ်စ်ဂျေဆဲလ်က အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ညာနောက်ခံလူတစ်ဦးနဲ့ ဗဟိုကွင်းလယ်လူတစ်ဦးကို ခေါ်ယူပေးဖို့ အသင်းရဲ့အကြီးအကဲတွေဆီ တိုက်တွန်းလိုက်ပါတယ်။

ဂျေဆဲလ်ရဲ့အသင်းက ဗုဒ္ဓဟူးနေ့(သြဂုတ် ၁၂ ရက်)ရာသီကြိုခြေစမ်းပွဲမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်အဲဗာတန်အသင်းကို ၃-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။

နယူးကာဆယ်အသင်းက အခုနွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ အဓိကကစားသမားတွေကို လက်လွှတ်ခဲ့ရသလို လိုချင်တဲ့ ဦးစားပေးပစ်မှတ်တွေနဲ့လည်း လွဲချော်ခဲ့လို့ အတော်လေးအခက်တွေ့နေပါတယ်။

ညာနောက်ခံလူနဲ့ ဗဟိုကွင်းလယ်လူ လိုအပ်နေသလားလို့ မေးမြန်းရာမှာတော့ ဂျေဆဲလ်က "မှန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့လည်း သိကြပါတယ်၊ ကျွန်တော် ဒါကို လူသိရှင်ကြားတော့ အသေအချာထုတ်မပြောပါဘူး။ အရင်ပြောခဲ့သလိုပါပဲ၊ ဒီကိစ္စတွေကို ဆုံးဖြတ်ချက် ချမှတ်သူတွေအပေါ် လေးစားမှုထားပြီး အသင်းအတွင်းမှာပဲ ဆွေးနွေးကိုင်တွယ်သွားမယ်။ နောင်မှာလည်း ဒီအတိုင်းပဲ ဆက်လုပ်သွားပါမယ်" လို့ ဖြေကြားခဲ့ပါတယ်။