The network connection is lost.

Banner Image

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ပြင်သစ်နဲ့ရင်ဆိုင်ရလို့ မကြောက်ရွံ့မိဘူးလို့ ပြောဆိုလိုက်တဲ့ ယာမယ်လ်

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံရတော့မယ့် ပြင်သစ်အသင်းကို စပိန်အသင်း လုံးဝမကြောက်ရွံ့ဘူးလို့ ယာမယ်လ်က ပြောကြားလိုက်ပါတယ်။

စပိန်အသင်းက ကွာတားဖိုင်နယ်ပွဲစဉ်မှာ လူစားဝင်ကစားသမားမီရီနိုရဲ့ နောက်ကျအနိုင်ဂိုးနဲ့အတူ ဘယ်လ်ဂျီယံကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းလာပါတယ်။

ဒါကြောင့် ယာမယ်လ်တို့အသင်းက မော်ရိုကိုကိုအနိုင်ယူကာ နောက်တစ်ဆင့်တက်လာတဲ့ ပြင်သစ်အသင်းနဲ့ ရင်ဆိုင်သွားရဖို့ရှိပြီး ထိပ်တန်းအသင်းကြီးနှစ်ခုရဲ့အားပြိုင်မှုကိုလည်း မြင်တွေ့သွားရပါလိမ့်မယ်။

ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ယာမယ်လ်က ပြင်သစ်အသင်းကိုရော၊ အမ်ဘာပေလိုကစားသမားမျိုးကိုပါ စပိန်အသင်း မကြောက်ရွံ့ပါဘူးလို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြောဆိုခဲ့ပါတယ်။

"ကျွန်တော် အရမ်းပျော်ပါတယ်။ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပြီ၊ ရှေ့ဆက်ပြီး ကြိုးစားသွားဦးပါမယ်။ ကွင်းထဲမှာ ကျွန်တော့်ကို ကစားသမားအများအပြားက ဝိုင်းပြီး လူကပ်စောင့်ကြည့်လေ့ ရှိကြပါတယ်" လို့ သူက ဆိုပါတယ်။

"ဒါပေမဲ့ ပထမဂိုးမှာဖြစ်ခဲ့သလိုမျိုး နေရာလွတ်မှာရှိနေတဲ့ အသင်းဖော်ကတော့ အမြဲရှိနေပါလိမ့်မယ်" လို့လည်း သူက ထပ်လောင်းပြောပါတယ်။

"ကျွန်တော်တို့မှာ ကြောက်စိတ်မရှိပါဘူး။ နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲလုံးမှာ ပြင်သစ်ကို ကျွန်တော်တို့ နိုင်ထားတာပဲလေ" လို့ ယာမယ်လ်က ယုံကြည်မှုအပြည့် ပြောကြားခဲ့ပါတယ်။