The network connection is lost.

Banner Image

နော်ဝေနဲ့ပွဲစဉ်မတိုင်ခင် သီခြားစီလေ့ကျင့်ခန်းဆင်းခဲ့တဲ့ ဒီကလန်ရိုက်စ်၊ ဂူဟီနဲ့ ရီစီဂျိမ်းစ်

ဒီကလန်ရိုက်စ်၊ ဂူဟီနဲ့ ရီစီဂျိမ်းစ်တို့က ဗုဒ္ဓဟူးနေ့မှာ အင်္ဂလန်အသင်းကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ဘဲ သီးသန့်လေ့ကျင့်ရေးအစီအစဉ်တွေကိုပဲ လုပ်ဆောင်ခဲ့တယ်လို့ အသင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

အင်္ဂလန်အသင်းက လာမယ့်စနေနေ့၊ မိုင်ယာမီမှာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နော်ဝေအသင်းနဲ့ ရင်ဆိုင်သွားရပါမယ်။

ရီစီဂျိမ်းစ်ကတော့ ဇွန် ၂၃ ရက်၊ ဂါနာနဲ့ဂိုးမရှိသရေကျခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့လို့ ကမ္ဘာ့ဖလားပွဲစဉ်နောက်ဆုံးသုံးပွဲဆက် လွဲချော်ထားပါတယ်။။

ဒီကလန်ရိုက်စ်ကလည်း အာဆင်နယ်အတွက် ကစားပေးနေချိန် ရာသီနှောင်းပိုင်းမှာ ခံစားခဲ့ရတဲ့ အာရုံကြောဆိုင်ရာပြဿနာတစ်ခုကြောင့် တံကောက်ကြောနဲ့ ခါးအောက်ပိုင်းမှာ ဒဏ်ရာရရှိနေပါတယ်။ သူ့ကို နည်းပြသောမတ်စ်တူချယ်က ပနားမားကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်မှာ အနားပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ Azteca ကွင်းမှာ မက္ကဆီကိုကို ၃-၂ ဂိုးဖြင့် အကြိတ်အနယ်အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ချမှတ်ခံရတဲ့ ခံစစ်မှူးကွမ်ဆာကတော့ နော်ဝေနဲ့ပွဲစဉ်ကိုလွဲချော်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။

ဒါ့အပြင် ဒီကလန်ရိုက်စ်၊ ဂူဟီ၊ ဟယ်ရီကိန်း၊ ဘယ်လင်ဟမ်နဲ့ အိုရွိုင်းလေတို့လည်း အဝါကတ်တစ်ကြိမ်စီ ရရှိထားလို့ နောက်ထပ်အဝါကတ်တစ်ကြိမ် ထပ်မံရရှိမယ်ဆိုရင် ဖြစ်လာနို်ငခြေရှိတဲ့ အာဂျင်တီးနား(သို့မဟုတ်)ဆွစ်ဇာလန်နဲ့ရင်ဆိုင်ရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို အလိုအလျောက်လွဲချော်သွားပါလိမ့်မယ်။