The network connection is lost.

Banner Image

ငွေကြေးဆိုင်ရာပြစ်မှုသံသယနဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကို FBI စုံစမ်းစစ်ဆေးနေ

အမေရိကန်တရားရေးဌာနနဲ့ ဖက်ဒရစ်စုံစမ်းစစ်ဆေးရေးဗျူရို(FBI)တို့က အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်(AFA)နဲ့ ဥက္ကဋ္ဌကလော်ဒီယိုတာပီယာတို့ကို ငွေကြေးဆိုင်ရာမရိုးမဖြောင့်မှုသံသယဖြင့်  အကြိုစုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါတယ်။

အာဏာပိုင်တွေက နိုင်ငံတကာစီးပွားရေးသဘောတူညီချက်တွေနဲ့ဆက်စပ်နေတဲ့ အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်ကို အမေရိကန်ပြည်တွင်းဥပဒေအရ ငွေကြေးခဝါချမှု သို့မဟုတ် နည်းပညာသုံးလိမ်လည်မှုတွေနဲ့ ဆက်စပ်ပတ်သက်မှုရှိ၊မရှိဆိုတဲ့ ကိစ္စအပေါ် စစ်ဆေးနေခြင်း ဖြစ်ပါတယ်။

ဒီစုံစမ်းစစ်ဆေးမှုက AFA နဲ့ TourProdEnter LLC ကုမ္ပဏီတို့အကြား ငွေပေးငွေယူ လုပ်ငန်းစဉ်တွေကို အဓိကအာရုံစိုက်ထားပါတယ်။ TourProdEnter LLC ကုမ္ပဏီက နိုင်ငံဖြတ်ကျော်စာချုပ်စာတမ်းများစုဆောင်းပေးခြင်းဝန်ဆောင်မှုကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးသူတွေက Citibank၊ Bank of America နဲ့ JP Morgan တို့လို ထိပ်တန်းဘဏ်ကြီးတွေမှတဆင့် စီးဆင်းခဲ့တဲ့ ငွေကြေးစာရင်းတွေကို ပြန်လည်စစ်ဆေးနေသလို ဘောလုံးအဖွဲ့ချုပ်လုပ်ငန်းတွေနဲ့ ဆက်စပ်ပတ်သက်နေသူတွေဆီမှလည်း သက်သေထွက်ဆိုချက်တွေ ရယူဖို့ ကြိုးပမ်းနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာပဲ ဒီစုံစမ်းစစ်ဆေးမှုတွေက ပိုပြီး ပြင်းထန်လာခဲ့ပြီး တာဝန်ရှိသူတွေကိုယ်တိုင် သက်သေအထောက်အထားတွေ စုဆောင်းခြင်းနဲ့ သက်သေတွေကို စစ်ဆေးမေးမြန်းခြင်းတွေ လုပ်ဆောင်နေပါတယ်။

အခုလိုဥပဒေကြောင်းအရ စစ်ဆေးမှုတွေ ဆက်တိုက်ရှိနေလို့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကလည်း သူတို့ရဲ့ကိုယ်စားလှယ်တွေကို အမေရိကန်နိုင်ငံဆီ စေလွှတ်ထားပါတယ်။