The network connection is lost.

Banner Image

ဘာစီလိုနာ ဂန္ထဝင် ရာဖေးလ် မားကွက်ဇ်ကို မက္ကဆီကိုအသင်းရဲ့ နည်းပြသစ်အဖြစ် ကြေညာ

ရာဖေးလ် မားကွက်ဇ်ဟာ ဟာဗီယာ အဂွဲရီရဲ့ နေရာကို ဆက်ခံပြီး မက္ကဆီကို လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်လာတော့မယ်လို့ မက္ကဆီကို ဘောလုံးအဖွဲ့ချုပ်က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။

ဟာဗီယာ အဂွဲရီဟာ ၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် မက္ကဆီကိုအသင်းနဲ့ လမ်းခွဲခဲ့တာပါ။

အဂွဲရီကိုယ်တိုင်ကလည်း သူ့နေရာကို ရာဖာ မားကွက်ဇ် ဆက်ခံလိမ့်မယ်လို့ အစောကြီးကတည်းက အတည်ပြုခဲ့ပြီးဖြစ်သလို အခု ဗုဒ္ဓဟူးနေ့မှာတော့ မက္ကဆီကို အဖွဲ့ချုပ်က တရားဝင် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ မက္ကဆီကို နောက်ခံလူဟောင်းကြီး မားကွက်ဇ်ဟာ ၂၀၀၃ ကနေ ၂၀၀၉ ခုနှစ်အထိ ဘာစီလိုနာအသင်းမှာ တောက်ပခဲ့သူဖြစ်ပြီး သူ့ရဲ့ နည်းပြဘဝကိုလည်း အဲဒီကက်တလန်ကလပ်မှာပဲ စတင်ခဲ့တာပါ။

သူဟာ မက္ကဆီကိုအသင်းအတွက် ပွဲပေါင်း ၁၄၇ ပွဲအထိ ကစားပေးခဲ့ပြီး ၂၀၀၂ ကနေ ၂၀၁၈ အထိ ကမ္ဘာ့ဖလားပြိုင်ပွဲတိုင်းမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ နိုင်ငံရဲ့ အကြီးကျယ်ဆုံး ဂန္ထဝင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

သူဟာ ၂၀၂၄ ခုနှစ်မှာ မက္ကဆီကို လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အခုအခါမှာတော့ နည်းပြချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။