The network connection is lost.

Banner Image

ဂါနာကို အနိုင်ယူကာ ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားတဲ့ ကိုလံဘီယာ

ကိုလံဘီယာ ၁-၀ ဂါနာ (ပွဲပြီးရလဒ်)

အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုမှာ ကိုလံဘီယာက ဂါနာကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး ကျဉ်းမြောင်းတဲ့ရလဒ်ပိုင်းဖြင့် အနိုင်ယူကာ ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းလာပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်ဂိုးကိုတော့ ပထမပိုင်းပွဲချိန်အစောပိုင်းမှာတင် ဂျွန်အာရီးယက်စ်က သွင်းယူခဲ့ပါတယ်။ လက်ကျန်ပွဲကစားချိန်တွေမှာ ကိုလံဘီယာရော၊ ဂါနာပါ အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့ အသုံးမချနိုင်လို့ နောက်ထပ်သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရပါဘူး။ အခုနိုင်ပွဲကြောင့် ကိုလံဘီယာက ၁၆ သင်းရှုံးထွက်အဆင့်မှာ ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။