The network connection is lost.

Banner Image

comeback အကြမ်းစားကြီးနဲ့ အီဂျစ်ကို အနိုင်ယူကာ ကွာတားဖိုင်နယ်တက်သွားတဲ့ အာဂျင်တီးနား

အာဂျင်တီးနား ၃ - ၂ အီဂျစ် (ပွဲပြီးရလဒ်)

ဒရာမာတွေ၊ အလှည့်အပြောင်းတွေနဲ့ပြည့်နှက်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီး ပရိသတ်တွေကို ရသအပြည့်ပေးစွမ်းနိုင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။

အီဂျစ်က နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမဲ့ မိနစ် ၈၀နားကပ်ခါနီးမှ မက်ဆီရဲ့ရုန်းအားတွေနဲ့အတူ အာဂျင်တီးနားက နှစ်ဂိုးပြတ်သွင်းနိုင်ခဲ့သလို ၉၂မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က အနိုင်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အီဂျစ်ရဲ့ ဒုတိယဂိုးစတင်သွင်းယူမှုကို VARက ပယ်ဖျက်ခဲ့တာနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိခဲ့သလို အန်ဇိုဖာနန်ဒက်ဇ်ရဲ့အနိုင်ဂိုးမှာလည်း ဆာလက်အပေါ် ပြစ်ဒဏ်ဘောကျူးလွန်ခဲ့မှုကို လျစ်လျူရှုခဲ့တဲ့အပေါ်မှာလည်း အငြင်းပွားမှုတွေရှိလာဦးမှာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကွာတားဖိုင်နယ်မှာတော့ အာဂျင်တီးနားက ဆွစ်ဇာလန် ဒါမှမဟုတ် ကိုလံဘီယာနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။