အမေရိကန်ကို သက်သောင့်သက်သာအနိုင်ယူကာ ကွာတားဖိုင်နယ်တက်ရောက်သွားတဲ့ ဘယ်လ်ဂျီယံ
အမေရိကန် ၁-၄ ဘယ်လ်ဂျီယံ (ပွဲပြီးရလဒ်)
ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင်အမေရိကန်နဲ့ရင်ဆိုင်ရချိန် ဘယ်လ်ဂျီယံက ပြိုင်ဘက်ရဲ့အမှားတွေကို အကောင်းဆုံးအသုံးချပြီး ဂိုးပြတ်နိုင်ပွဲတစ်ခု ဖော်ဆောင်ခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း ဘယ်လ်ဂျီယံအတွက် အဖိုးတန်ဂိုးတွေကို ပထမပိုင်းပွဲချိန်မှာ ဒီကာတီလာရီက နှစ်ဂိုး၊ ဒုတိယပိုင်းပွဲချိန်မှာ လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဗာနာကန်နဲ့ တိုက်စစ်မှူးလူကာကူတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။ ပူးတွဲအိမ်ရှင်အမေရိကန်အတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ပထမပိုင်းပွဲချိန်အတွင်း တီလ်မန်းက ပြစ်ဒဏ်ဘောမှတဆင့် တိုက်ရိုက်ကန်သွင်းရယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ဘယ်လ်ဂျီယံက ကွာတားဖိုင်နယ်အဆင့်မှာ စပိန်နဲ့ ရင်ဆိုင်သွားရပါမယ်။