ကိတ်ဗာဒီကို ခက်ခက်ခဲခဲအနိုင်ယူကာ ၁၆သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့ အာဂျင်တီးနား
အာဂျင်တီးနား ၁ - ၁ ကိတ်ဗာဒီ (မိနစ် ၉၀ရလဒ်) (အချိန်ပိုရလဒ် ၂-၁)
ဗိုလ်လုပွဲတစ်ပွဲကြည့်နေရသလိုမျိုး အရမ်းကောင်းတဲ့ပွဲစဉ်တစ်ပွဲကို ကစားပြနိုင်ခဲ့လို့ ကိတ်ဗာဒီကို အထူးချီးကျူးချင်ပါတယ်။ လက်ရှိ အာဂျင်တီးနားလိုအသင်းကို ပျာပျာသလဲလဲ ဖျက်ထုတ်ရအောင်အထိ ဖိအားပေးနိုင်ခဲ့တဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကတော့ ကိတ်ဗာဒီကို ဒီနှစ်ကမ္ဘာ့ဖလားမှာ အကောင်းဆုံးအသင်းတစ်သင်းအဖြစ် သတ်မှတ်ရမယ့်အချက်တစ်ခုဖြစ်စေပါတယ်။ ဂိုးသမားကြီး ဗိုဇင်ညာကလည်း မက်ဆီတောင် စိတ်ပျက်သွားလောက်ရတဲ့အထိ ကာကွယ်မှုမျိုးတွေကို လုပ်ပြနိုင်ခဲ့ပြန်ပါတယ်။ အာဂျင်တီးနားက ရိုမဲရိုးရဲ့ဂိုးနဲ့ နောက်တစ်ဆင့်တက်သွားပေမဲ့ ဒီနှစ်ကမ္ဘာ့ဖလားမှာ ပရိသတ်တွေရဲ့နှလုံးသားကိုဆွဲဆောင်နိုင်ခဲ့တဲ့ အသင်းတစ်သင်းအဖြစ် ကိတ်ဗာဒီကို သတ်မှတ်ရမှာဖြစ်ပါတယ်။