The network connection is lost.

Banner Image

ရုန်းကန်ခဲ့ရပေမဲ့ နိုင်ပွဲနဲ့ထိုက်တန်ခဲ့တယ်လို့ ဆိုလိုက်တဲ့ စကာလိုနီ

၂၀၂၆ ကမ္ဘာ့ဖလားမှာ သည်းထိတ်ရင်ဖိုဖြစ်ရပ်တွေနဲ့အတူ ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပြီးနောက် အာဂျင်တီးနားနည်းပြစကာလိုနီကိုယ်တိုင် စိတ်လှုပ်ရှားမှု ပြင်းထန်ခဲ့ပါတယ်။

အားလုံးကို အံ့အားသင့်စေခဲ့တဲ့ ကိတ်ဗာဒီအသင်းနဲ့ရင်ဆိုင်ရချိန် အတော်လေးခက်ခဲကြမ်းတမ်းတဲ့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားပြီးနောက် အာဂျင်တီးနားကစားသမားတွေရဲ့မလျှော့သောဇွဲလုံ့လကိုလည်း နည်းပြ အထူးချီးကျူးခဲ့ပါတယ်။ "ကျွန်တော့်ရဲ့ရာပြည့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ရူးသွပ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဘောလုံးလောကရဲ့သဘာ၀ဆိုတာ ဒါပါပဲ" လို့ စကာလိုနီက ဝန်ခံပြောကြားခဲ့ပါတယ်။

ပွဲစဉ်မတိုင်ခင်က အာဂျင်တီးနားအသင်း သက်သောင့်သက်သာ အနိုင်ရလိမ့်မယ်လို့ ယူဆခဲ့ကြတဲ့ သုံးသပ်ချက်တွေကိုလည်း နည်းပြက အပြတ်အသတ် ပယ်ချလိုက်ပါတယ်။ "လူတိုင်းက ဒီပွဲကို အေးအေးဆေးဆေးအနိုင်ယူမယ့်ပွဲလို့ ထင်ခဲ့ကြပေမဲ့ ဒီလိုမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ကောင်းကောင်းကြီး သိထားပါတယ်" လို့ သူက ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။ 

နိဂုံးချုပ်အဖြစ် စကာလိုနီက သူ့အသင်းရဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ပတ်သက်ပြီး အားကောင်းမောင်းသန်သတင်းစကားတစ်ခု ပေးပို့ခဲ့ပြန်ပါတယ်။ "ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့သလား၊ ဆိုးဆိုးရွားရွား ကစားခဲ့သလားဆိုတာကို ငြင်းခုံလို့ ရပေမဲ့ ဒီအသင်းက ပွဲစဉ်အပေါ် တာဝန်ယူဖို့ မစိုးရွံ့သလို ဘယ်တော့မှလည်း အရှုံးမပေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။