အယ်လ်ဂျီးရီးယားကို အနိုင်ယူကာ ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားတဲ့ ဆွစ်ဇာလန်
ဆွစ်ဇာလန် ၂-၀ အယ်ဂျီးရီးယား (ပွဲပြီးရလဒ်)
ဥရောပပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရချိန်တိုင်း ရလဒ်မကောင်းတတ်တဲ့ အယ်လ်ဂျီးရီးယားက အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဆွစ်ဇာလန်နဲ့ဆုံတွေ့ချိန်မှာလည်း အစဉ်အလာမပျက်အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာလာရပါတယ်။ ဆွစ်ဇာလန်အတွက် အဆုံးအဖြတ်သွင်းဂိုးတွေကို ပထမပိုင်းပွဲချိန်အတွင်း အမ်ဘိုလို၊ ဒုတိယပိုင်းစတင်လာချိန်မှာပဲ အန်ဒိုယီတို့က သွင်းယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ဆွစ်ဇာလန်က ၁၆ သင်းရှုံးထွက်အဆင့်မှာ ကိုလံဘီယာ(သို့)ဂါနာနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။