ဂျော်ဒန်ကို အနိုင်ယူပြီး နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိလာတဲ့ အယ်လ်ဂျီးရီးယား
ဂျော်ဒန် ၁-၂ အယ်လ်ဂျီးရီးယား (ပွဲပြီးရလဒ်)
ရက်ရှ်ဒန် ၃၆'
ဘန်ဘူအာလီ ၆၉'
ဂူအီရီ ၈၂'
ဥရောပ နာမည်ကျော်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အယ်လ်ဂျီးရီးယားအနေနဲ့ ဂျော်ဒန်ကို သက်တောင့်သက်သာ အနိုင်ရမယ်လို့ ထင်မှတ်ထားခဲ့ကြပေမယ့် ဂျော်ဒန်ကတောင် ပထမပိုင်းမှာ ပိုကောင်းခဲ့ပြီး ဦးဆောင်ဂိုးလည်း စတင်သွင်းယူနိုင်ခဲ့ပါတယ်။ တန်ပြန်တိုက်စစ်နဲ့ကစားနေတဲ့ ဂျော်ဒန်ကို အယ်လ်ဂျီးရီးယားနောက်တန်းက အပြည့်အဝထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်းရောက်မှသာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာတော့ အယ်လ်ဂျီးရီးယားက အနိုင်ရလဒ်ကို ပွဲပြီးဆုံးချိန်အထိ ထိန်းချုပ်နိုင်ခဲ့လို့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေးရှိလာခဲ့ပါတယ်။ တစ်ဖက်မှာ ဂျော်ဒန်ကတော့ အုပ်စုနောက်ဆုံးပွဲမှာ လက်ရှိချန်ပီယံအာဂျင်တီးနားနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်လို့ အိမ်ပြန်ရဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။ အယ်လ်ဂျီးရီးယားရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကတော့ အမှတ်တူ ခြေရည်တူနေတဲ့ ဩစတြီးယားနဲ့ဖြစ်လို့ နောက်တစ်ဆင့်ကို ဘယ်အသင်းကတိုက်ရိုက်တက်ရောက်သွားနိုင်မလဲဆိုတာ အတော်လေးစိတ်ဝင်စားဖို့ကောင်းလာပါတယ်။