ဂျာမနီကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး နောက်တစ်ဆင့်တက်လှမ်းသွားတဲ့ ပါရာဂွေး
ဂျာမနီ ၁-၁ ပါရာဂွေး (သာမန်ပွဲချိန်အပြီးရလဒ်)(ပင်နယ်တီအဆုံးအဖြတ် ၃-၄)
အခုကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဗိုလ်စွဲဖို့ရေပန်းစားမှုမြင့်မားနေတဲ့ ဂျာမနီအသင်းကတော့ ရှုံးထွက်အဆင့်မှာပဲ ပါရာဂွေးကိုရှုံးနိမ့်ကာ ထွက်ခွာသွားရပါပြီ။ အခုပွဲစဉ်တလျှောက်လုံး ဂျာမနီအသင်းက ဘောလုံးပိုင်ဆိုင်မှုရယူကစားခဲ့ပေမဲ့ ပါရာဂွေးအသင်းရဲ့ခံစစ်ပိုင်းကို မဖြိုခွဲနိုင်ဘဲ အန်စီဆိုရဲ့ပထမပိုင်းဦးဆောင်ဂိုးကိုပါ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ဂျာမနီအတွက်ချေပဂိုးကို ကိုင်ဟားဗက်ဇ်က သွင်းယူပေးခဲ့ပြီး သာမန်ပွဲကစားချိန်အပြင် အချိန်ပိုမှာပါ ဂျာမနီနဲ့ ပါရာဂွေးအကြား အနိုင်အရှုံးအဖြေ မပေါ်လာခဲ့ပါဘူး။ ပင်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာတော့ ကိုင်ဟားဗက်ဇ်၊ ဝေါ်တီမိတ်၊ ဂျိုနသန်တာတို့ရဲ့လွဲချော်မှုနဲ့အတူ ပါရာဂွေးအသင်း အနိုင်ရရှိကာ ပြင်သစ်(သို့မဟုတ်)ဆွီဒင်နဲ့ရင်ဆိုင်ရမယ့် ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းသွားပါတယ်။