မာတင်နယ်လီရဲ့အသည်းခွဲဂိုးကြောင့် ၃၂သင်းအဆင့်နဲ့ပဲကျေနပ်ခဲ့ရတဲ့ ဂျပန်
ဘရာဇီး ၂ - ၁ ဂျပန် (ပွဲပြီးရလဒ်)
ဘရာဇီးအသင်းဟာ ခြေစွာနေတဲ့ ဂျပန်ကို မာတင်နယ်လီရဲ့နောက်ဆုံးမိနစ်သွင်းဂိုးနဲ့အနိုင်ယူကာ ၁၆သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ဂျပန်အသင်းက တစ်ပွဲလုံးအကောင်းဆုံးကစားခဲ့ပြီး ဦးဆောင်ဂိုးပါသွင်းနိုင်ခဲ့ပေမဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရပြီး ၃၂သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဘရာဇီးအသင်းဟာ ၁၆သင်းအဆင့်မှာ အိုင်ဗရီကို့စ် ဒါမှမဟုတ် နော်ဝေအသင်းနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။