The network connection is lost.

Banner Image

ဂျော်ဒန်ကို ဂိုးပြတ်အနိုင်ယူကာ သုံးပွဲဆက်နိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်သွားတဲ့ အာဂျင်တီးနား

ဂျော်ဒန် ၁ - ၃ အာဂျင်တီးနား (ပွဲပြီးရလဒ်)

အာဂျင်တီးနားအသင်းက အုပ်စု J မှာ ပွဲစဉ်သုံးပွဲစလုံးကို အနိုင်ယူကာ ရမှတ် ၉မှတ်နဲ့ ရှုံးထွက်အဆင့်ကို တက်သွားခဲ့ပါတယ်။

ပွဲထွက်လူစာရင်းမှာ အရန်ကစားသမားအများအပြားကို ပွဲထုတ်ခဲ့ပေမဲ့ အာဂျင်တီးနားက လိုဆယ်ဆို၊ လော်တာရိုမာတီနက်ဇ်တို့ရဲ့ဂိုးတွေနဲ့အတူ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မက်ဆီက ဖရီးကစ်ကနေ ဦးဆောင်ဂိုးထပ်သွင်းခဲ့ပြီး ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဂျော်ဒန်ကတော့ ကမ္ဘာ့ဖလားမှာ မျက်နှာသစ်အသင်းဖြစ်ပေမဲ့ သုံးပွဲစလုံးကို အကောင်းဆုံးကစားနိုင်ခဲ့ပြီး ဩစတြီးယား၊ အယ်လ်ဂျီးရီးယား၊ အာဂျင်တီးနားတို့လိုအသင်းတွေကို ဂိုးသွင်းနိုင်ခဲ့တာ ချီးကျူးချင်စရာပဲဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ဩစတြီးယားက ဒုတိယနေရာကနေ နောက်တစ်ဆင့်တက်နိုင်ခဲ့သလို အယ်လ်ဂျီးရီးယားကလည်း အကောင်းဆုံးတတိယအဖြစ် နောက်တစ်ဆင့်ကို တက်သွားခဲ့ပါတယ်။