The network connection is lost.

Banner Image

ကိုနေးအပေါ် ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့မှုကြောင့် ကာတာကွင်းလယ်လူ မာဒီဘို ၅ ပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

ကာတာအသင်းရဲ့ ကွင်းလယ်ကစားသမား အက်ဆင် မာဒီဘိုဟာ ကနေဒါအသင်းရဲ့ ကွင်းလယ်လူ အစ္စမေးလ် ကိုနေးကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့တဲ့ ဖျက်ထုတ်မှုအတွက် အနီကတ်ပြသခံခဲ့ရပြီးနောက် ၅ ပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရတယ်လို့ ဖီဖာ (FIFA) က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ကာတာအသင်းဟာ အုပ်စု (B) ဒုတိယမြောက် ပွဲစဉ်အဖြစ် ကနေဒါနဲ့ ကစားခဲ့ရာမှာ ၆ ဂိုး - ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီး အဲဒီပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ မာဒီဘိုရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ကိုနေးရဲ့ ခြေထောက် ကျိုးသွားခဲ့ပါတယ်။

ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဒီလိုပြင်းထန်တဲ့ ကစားဟန်အမှားကြောင့် ၅ ပွဲ ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်အပေါ် ဖီဖာ အယူခံကော်မတီဆီ ပြန်လည်အယူခံဝင်ခွင့် ရှိပါတယ်။

ကိုနေးဟာ လက်ရှိမှာ ခွဲစိတ်ကုသမှု ခံယူထားပြီးဖြစ်ကာ မာဒီဘိုနဲ့ ကာတာနိုင်ငံ အားကစားဝန်ကြီးတို့က သူ့ရဲ့ကျန်းမာရေးအခြေအနေကို ကြည့်ရှုဖို့အတွက် ဆေးရုံကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ ကာတာဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

ကာတာအသင်းဟာ သူတို့ရဲ့ နောက်ဆုံးအုပ်စုပွဲစဉ်ကို ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနားအသင်းနဲ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ကစားသွားမှာဖြစ်ပြီး ပူးတွဲအိမ်ရှင် ကနေဒါအသင်းကတော့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။