အနီကတ်၂ကတ်၊ ခြေထောက်ကျိုးဒဏ်ရာနဲ့ ကနေဒါရဲ့ဂိုးပြတ်နိုင်ပွဲ
ကနေဒါ ၆ - ၀ ကာတ (ပွဲပြီးရလဒ်)
အိမ်ရှင် ကနေဒါအသင်းရဲ့ဒုတိယမြောက်ပွဲစဉ်ကတော့ အဖြစ်အပျက်များစွာနဲ့ပြည့်နှက်နေခဲ့ပါတယ်။
ကနေဒါက ပွဲအစ နာရီဝက်အတွင်းမှာ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ကာတာကစားသမား အယ်လာမင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ကနေဒါတို့ သုံးဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီးသိပ်မကြာခင်မှာပဲ အဓိကကွင်းလယ်လူ ကိုနေး ကာတာကစားသမား မာဒီဘိုနဲ့ထိခိုက်မိပြီး ပြင်းထန်တဲ့ခြေထောက်ကျိုးဒဏ်ရာရရှိသွားခဲ့ပါတယ်။
မာဒီဘိုလည်း ဒီအဖြစ်အပျက်ကြောင့်ဝမ်းနည်းခဲ့ရသလို တိုက်ရိုက်အနီကတ်နဲ့လည်းထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် နှစ်ယောက်အသာရသွားတဲ့ကနေဒါအသင်းက သုံးဂိုထပ်သွင်းခဲ့တာကြောင့် ခြောက်ဂိုးပြတ်အနိုင်ရကာ ရှုံးထွက်အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။