The network connection is lost.

Banner Image

ရိုးမားကွင်းလယ်လူ ကိုနေးကို ခေါ်ယူဖို့ အင်တာမီလန် အကြီးအကျယ် ကမ်းလှမ်းရန် ပြင်ဆင်နေ

အင်တာမီလန်အသင်းဟာ ရိုးမားအသင်းရဲ့ ကွင်းလယ်ကစားသမား မာနူးကိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အီတလီသတင်းစာ La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဥက္ကဋ္ဌ ဘတ်ပီမာရော့တာနဲ့ အပြောင်းအရွှေ့ဆိုင်ရာ တာဝန်ခံ ပီယာရိုအော်ဆီလီယိုတို့ဟာ ဒီနွေရာသီမှာ ဘောလုံးလုယူရာမှာ အားကောင်းတဲ့ ကွင်းလယ်လူအသစ်တစ်ယောက် ခေါ်ယူဖို့ လိုအပ်တယ်ဆိုတာကို သဘောတူညီခဲ့ကြတာပါ။ အဲဒီအတွက် သူတို့နှစ်ဦးစလုံးက ကိုနေးကိုပဲ အဓိက ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြပါတယ်။

မာရော့တာဟာ ကိုနေးကို ခေါ်ယူနိုင်ဖို့အတွက် ယူရို သန်း ၄၀ ထက်ကျော်လွန်တဲ့ ပမာဏနဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပါတယ်။ တကယ်လို့ ဒီပြင်သစ်ကွင်းလယ်လူသာ အသင်းကို ရောက်ရှိလာခဲ့ရင် သူဟာ ပြီးခဲ့တဲ့ ၆ နှစ်ကျော်ကာလအတွင်း အင်တာမီလန်ရဲ့ ဈေးအကြီးဆုံး အပြောင်းအရွှေ့ ဖြစ်လာမှာပါ။ အသက် ၂၄ နှစ်အရွယ် ကိုနေးဟာ လက်ရှိမှာ ရိုးမားအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူလည်း ဖြစ်ပါတယ်။