ဆော်ဒီကို ဂိုးပြတ်အနိုင်ယူကာ နိုင်ပွဲစတင်ရှာဖွေနိုင်ခဲ့တဲ့ စပိန်
စပိန် ၄ - ၀ ဆော်ဒီ (ပွဲပြီးရလဒ်)
အဖွင့်ပွဲတုန်းက ကိတ်ဗာဒီကိုသရေသာကစားနိုင်ခဲ့လို့ အကြီးအကျယ်ဝေဖန်ခံခဲ့ရတဲ့ စပိန်အသင်းကတော့ ယနေ့ညပွဲမှာ ပွဲထွက်လူစာရင်းအပြောင်းအလဲနဲ့အတူ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ရှာဖွေနိုင်ခဲ့ပါတယ်။
စပိန်နည်းပြ ဒီလာဖွန်တေက ယနေ့ညပွဲမှာ ယာမယ်လ်၊ ပေါ်ရို၊ အိုလ်မိုတို့ကို ပွဲထုတ်လာခြင်းနဲ့အတူ စပိန်အသင်းရဲ့ယခင်ခြေစွမ်းကို ပြန်မြင်ခဲ့ရပြီး ယာမယ်လ်၊ အိုယာဇာဘယ်တို့ရဲ့ဂိုးတွေနဲ့အတူ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
ဆော်ဒီကတော့ ဥရုဂွေးနဲ့ပွဲစဉ်မှာ ခြေစွမ်းပြပြီး သရေတစ်မှတ်ယူနိုင်ခဲ့ပေမဲ့ ဒီပွဲမှာတော့ စပိန်ကိုဘယ်လိုမှယှဉ်မကစားနိုင်ဘဲ ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရပါတယ်။