The network connection is lost.

Banner Image

တိုက်စစ်ပိုင်းအစွမ်းပြသမှုနဲ့အတူ ဆွီဒင်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ နယ်သာလန်

နယ်သာလန် ၅-၁ ဆွီဒင် (ပွဲပြီးရလဒ်)

အုပ်စု(F)ရဲ့ ဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ် ဥရောပအသင်းတွေထိပ်တိုက်တွေ့ဆုံမှုမှာ နယ်သာလန်က တိုက်စစ်ပိုင်းပုံစံကောင်းပြသနိုင်မှုနဲ့အတူ ပြိုင်ဘက်ဆွီဒင်ကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်အတွက် ဆွီဒင်နည်းပြဂရေဟမ်ပေါ်တာရဲ့ နည်းဗျူဟာပိုင်းချဉ်းကပ်မှုတွေက မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပြီး ပထမပိုင်းပွဲချိန်အတွင်းမှာတင် နယ်သာလန်က ဘရော့ဘေးရဲ့အစောပိုင်းသွင်းဂိုးနှစ်ဂိုးနဲ့အတူ ပွဲစဉ်ကို ပြတ်ပြတ်သားသားဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာလည်း ဂတ်ပိုက နယ်သာလန်အတွက် နှစ်ဂိုးဆက်သွင်းယူပေးခဲ့ပြီး ဆွီဒင်အတွက် ဗွေဆော်ဦးချေပဂိုးကိုတော့ လူစားဝင်ကစားသမားအီလန်ဂါက သွင်းယူခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်လာတဲ့ ဆမ်မာဗီလီက နယ်သာလန်အတွက် အပိတ်ဂိုးကို သွင်းယူပေးရင်း အဖိုးတန်ဂိုးပြတ်နိုင်ပွဲကို ပုံဖော်နိုင်ခဲ့ပါတယ်။