ဒီယက်ဇ်ရဲ့ခြေစွမ်းပြမှုနဲ့အတူ အုပ်စုအဖွင့်ပွဲမှာ ဥဇဘက်ကစ္စတန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကိုလံဘီယာ
ဥဇဘက်ကစ္စတန် ၁-၃ ကိုလံဘီယာ (ပွဲပြီးရလဒ်)
မူနော့ဇ် ၄၀'
ဖေဇူလာယိဗ် ၆၀'
လူးဝစ်ဒီယက်ဇ် ၆၅'
ကမ်ပက်ဇ် ၉၀+၉
ပွဲအစမိနစ်တွေမှာ ကိုလံဘီယာကပဲ တစ်ဖက်သတ်ပွဲကိုစိုးမိုးထားခဲ့ပေမယ့် အပိုင်အခွင့်အရေးတွေမရခဲ့လို့ ပွဲကအတော်လေး ပျင်းစရာကောင်းခဲ့ပါတယ်။ ဥဇဘက်ကစ္စတန်ကလည်း တန်ပြန်တိုက်စစ်ကိုသာ အားပြုကစားနေခဲ့တာကြောင့် ပထမပိုင်းအတွင်း ဂိုးပေါက်ကန်သွင်းခွင့်တောင်မရခဲ့ပါဘူး။ ပထမပိုင်းပြီးကာနီးမှာ တစ်ပွဲလုံးခြေစွမ်းပြခဲ့တဲ့ ဒီယက်ဇ်ရဲ့ပေးပို့မှုမှတစ်ဆင့် မူနော့ဇ်က ပိတ်သွင်းခဲ့လို့ ကိုလံဘီယာက ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တိုက်စစ်နဲ့ပြန်လည်စတင်လာတဲ့ ဥဇဘက်ကစ္စတန်က ချေပဂိုးပြန်လည်ရယူနိုင်ခဲ့တာကြောင့် ပွဲကအတော်လေး အရှိန်တက်လာခဲ့ပေမယ့် ကိုလံဘီယာကပဲ ပွဲကိုပြန်လည်စိုးမိုးပြီး ၅ မိနစ်အကြာမှာပဲ ဒီယက်ဇ်က ဦးဆောင်ဂိုး ပြန်လည်ရယူပေးခဲ့ပါတယ်။ ထို့နောက် နှစ်သင်းစလုံးအပြန်အလှန်ထိုးဖောက်မှုတွေပြုလုပ်ခဲ့လို့ ပွဲက အတော်လေးမြိုင်ခဲ့ပြီး ပွဲပြီးကာနီးမှာ လူစားဝင်ကစားသမား ဟာနန်ဒက်ဇ်ရဲ့ ကြိုးစားအားထုတ်မှုမှတစ်ဆင့် ကိုလံဘီယာကပဲ နောက်ထပ်တစ်ဂိုးထပ်ရခဲ့လို့ ဥဇဘက်ကစ္စတန်တို့ ရှုံးပွဲနဲ့ စတင်ကြုံတွေ့ခဲ့ရပါတယ်။ လာမယ့်ပွဲစဉ်မှာတော့ ဥဇဘက်ကစ္စတန်ဟာ နောက်ထပ်အင်အားကြီးအသင်းဖြစ်တဲ့ ပေါ်တူဂီနဲ့ ရင်ဆိုင်သွားရပါမယ်။