The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမျက်နှာသစ်အသင်း ကိတ်ဗာဒီကို သရေသာကစားနိုင်ခဲ့တဲ့ စပိန်

စပိန် ၀ - ၀ ကိတ်ဗာဒီ (ပွဲပြီးရလဒ်)

ယူရိုချန်ပီယံ စပိန်အသင်းဟာ ကမ္ဘာ့ဖလားကို ဒီနှစ်မှဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိတ်ဗာဒီကို တစ်ပွဲလုံးဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားခဲ့ပေမဲ့ တစ်ဂိုးမှမသွင်းနိုင်ဘဲ သရေရလဒ်နဲ့သာကျေနပ်ခဲ့ရပါတယ်။

စပိန်နည်းပြရဲ့လူထုတ်ပုံကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး အထူးသဖြင့် အခွင့်အရေးတွေဖြုန်းတီးနေတဲ့ ဖေဘီယန်ရုဇ်နဲ့ ဖာရန်တောရက်စ်တို့ကို လူစားလဲမှုကလည်း အတော်လေးနောက်ကျခဲ့ပါတယ်။

ကိတ်ဗာဒီအသင်းကတော့ ပထမဆုံးပါဝင်ယှဉ်ပြိုင်တဲ့နှစ်မှာပဲ နာမည်ကြီးစပိန်ထံကနေ ရမှတ်တစ်မှတ်ရအောင်ယူသွားနိုင်ခဲ့ပါတယ်။