The network connection is lost.

Banner Image

ဒုတိယပိုင်းပွဲချိန်သွင်းဂိုးတွေနဲ့အတူ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ နယ်သာလန်နဲ့ ဂျပန်

နယ်သာလန် ၂-၂ ဂျပန် (ပွဲပြီးရလဒ်)

အုပ်စု(F)ရဲ့အဖွင့်ပွဲစဉ်အဖြစ် နယ်သာလန်နဲ့ ဂျပန်တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာ နည်းဗျူဟာပိုင်းယှဉ်ပြိုင်မှုတွေနဲ့အတူ အကြိတ်အနယ်ရှိတဲ့ ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း ဥရောပအင်အားကြီးနယ်သာလန်က ပြိုင်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ မာကျောကျစ်လစ်လှတဲ့ ဂျပန်ရဲ့ခံစစ်ကြောင်းကို ဖြိုခွဲနိုင်ဖို့ အဖြေရှာမတွေ့ခဲ့ပါဘူး။ ဒုတိယပိုင်းစတင်လာချိန်မှာပဲ ဗန်ဒိုက်က နယ်သာလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး မိနစ်ပိုင်းအကြာမှာတော့ နာကာမူရာက ဂျပန်အတွက် ချေပဂိုးကို ပြန်လည်သွင်းယူခဲ့ပါတယ်။ ဆက်လက်ပြီး ဆမ်မာဗီလီရဲ့ဦးဆောင်ဂိုးနဲ့ နယ်သာလန်တို့ အနိုင်ရလဒ်ကိုထိန်းသိမ်းဖို့ ကြိုးစားနေချိန် ပွဲချိန်နှောင်းပိုင်းမှာ အိုဂါဝါရဲ့ခေါင်းတိုက်ချက် ကာမာဒါနဲ့ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားလို့ ဂျပန်အသင်းအတွက် အဖိုးတန်ချေပဂိုး ရရှိခဲ့ပါတယ်။