The network connection is lost.

Banner Image

ဂတ်ပိုရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ သတိကြီးကြီးထားကာ သတင်းစကားပါးလာတဲ့ ဇာဗီ

နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ရင်း လီဗာပူးတိုက်စစ်မှူးဂတ်ပို ပြင်းထန်ဒဏ်ရာ ရရှိသွားတာမျိုး မဖြစ်နိုင်ဘူးလို့ နယ်သာလန်နည်းပြဇာဗီ ယုံကြည်နေပါတယ်။

ဆားဘီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ နယ်သာလန်ရဲ့နေးရှင်းလိဂ်ပွဲစဉ်အတွင်း ပွဲအစပိုင်းမှာ လူကစ်ရဲ့ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကြောင့် ဂတ်ပို ဒဏ်ရာရရှိသွားပြီး ပွဲချိန် ၁၇ မိနစ်မှာတင် လူစားလဲထွက်ခွာသွားခဲ့ပါတယ်။

ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ဇာဗီရင်ဆိုင်ခဲ့ရတဲ့ အဓိကမေးခွန်းတွေအနက် တစ်ခုကတော့ ဂတ်ပိုရဲ့နောက်ဆုံးအခြေအနေနဲ့ပတ်သက်တဲ့ မေးခွန်းဖြစ်ပြီး ဘာစီလိုနာနည်းပြဟောင်းကိုယ်တိုင် ထွက်ပေါ်လာမယ့် ဆေးစစ်ချက်အဖြေအပေါ် အကောင်းမြင်လျက် ရှိပါတယ်။

"ဒဏ်ရာ သိပ်မပြင်းထန်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ခြေကျင်းဝတ်မှာ ဒဏ်ရာရသွားတာပါ။ အဖြေအတိအကျကိုတော့ ကျွန်တော် မသိသေးပေမဲ့ မနက်ဖြန်ကျရင် သိရပါလိမ့်မယ်။ သိပ်ပြီး စိုးရိမ်စရာ မရှိဖို့ မျှော်လင့်ပါတယ်" လို့ သူက ပြောပါတယ်။

ဇာဗီရဲ့အသင်းက အောက်တိုဘာ ၁ ရက်၊ ဂရိနဲ့ အဝေးကွင်းပွဲစဉ်အပြီး သုံးရက်အကြာမှာ ဆာဘီးယားနဲ့အိမ်ကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရပါမယ်။

ဒဏ်ရာကြောင့် ဆွီဒင်လက်ရွေးစင်အသင်းမှ နုတ်ထွက်လာခဲ့တဲ့ အီဆက်နဲ့အတူ ဂတ်ပိုရဲ့ဒဏ်ရာအခြေအနေကိုပါ လီဗာပူးပရိသတ်တွေ အနီးကပ်စောင့်ကြည့်နေကြပြီး အောက်တိုဘာ ၁၁ ရက်၊ မန်စီးတီးနဲ့ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် အရာအားလုံး ကောင်းမွန်လာစေဖို့ မျှော်လင့်နေပါလိမ့်မယ်။