The network connection is lost.

Banner Image

ကျွန်းနိုင်ငံလေး ကူရာကာအိုကို ဂိုးပြတ်သွင်းကာ ကမ္ဘာ့ဖလားမှာ အဖွင့်လှခဲ့တဲ့ ဂျာမနီ

ဂျာမနီ ၇ - ၁ ကူရာကာအို (ပွဲပြီးရလဒ်)

ဂျာမနီအသင်းက ကမ္ဘာ့ဖလားပွဲဦးထွက်မှာ ကျွန်းနိုင်ငံငယ်လေး ကူရာကာအိုကို ဂိုးပြတ်သွင်းကာ အဖွင့်လှခဲ့ပါတယ်။ 

ပထမပိုင်းအတွင်း ကူရာကာအိုက ချေပဂိုးပြန်သွင်းကာ ပြန်လာနိုင်ခဲ့ပေမဲ့ ပထမပိုင်းပြီးခါနီး ဟာဗက်ဇ်ရဲ့ပင်နယ်တီဂိုးကြောင့် ဂျာမနီတို့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂျာမနီတို့ စိတ်ကြိုက်ကစားခွင့်ရရှိသွားပြီး ခုနှစ်ဂိုးပြတ်တဲ့အထိ ဂိုးသွင်းကာ ဂိုးပြတ်နိုင်ပွဲတစ်ခုကို ဖန်တီးသွားနိုင်ခဲ့ပါတယ်။