The network connection is lost.

Banner Image

ကာတာနဲ့ သရေကျခဲ့ပြီးနောက် စိတ်ပျက်ဖွယ်ကမ္ဘာ့ဖလားစံချိန်ဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ ဆွစ်ဇာလန်အသင်း

ဆွစ်ဇာလန်အသင်းက ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ပြိုင်ဘက်ကာတာအသင်းနဲ့ စိတ်ပျက်စရာကောင်းအောင် သရေကျခဲ့ချိန်အတွင်း လွဲချော်ခဲ့တဲ့ အခွင့်အရေးတွေကြောင့် နောင်တရစရာ ဖြစ်ခဲ့ရပါတယ်။

အဲ့ဒီပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းက ပွဲချိန် ၁၇ မိနစ်မှာပဲ အမ်ဘိုလိုရဲ့အငြင်းပွားဖွယ်ပယ်နယ်တီသွင်းဂိုးနဲ့အတူ ဦးဆောင်ခဲ့ပြီး ပွဲစဉ်ကို လွယ်လွယ်ကူကူထိန်းချုပ်နို်ငခဲ့ပုံရပါတယ်။

သူတို့က ပွဲကစားချိန်တစ်လျှောက်လုံး ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကာ ဆက်လက်လွှမ်းမိုးထားနိုင်ခဲ့ပေမဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဦးဆောင်ဂိုးတွေ ထပ်မံမရရှိခဲ့ပါဘူး။

ဒုတိယပိုင်းနာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာတော့ ကာတာအသင်းက ဝါရင့်နောက်ခံလူဘိုလမ်ခူခီရဲ့ လှပတဲ့ခေါင်းတိုက်သွင်းဂိုးနဲ့အတူ သမိုင်းတစ်လျှောက် သူတို့ရဲ့ပထမဆုံးကမ္ဘာ့ဖလားရမှတ်ကို ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်အတွင်း ဆွစ်ဇာလန်အသင်းက ပြိုင်ဘက်ဂိုးပေါက်ဆီ ၂၆ ကြိမ်တိတိ ကန်သွင်းခဲ့ပြီး ဒါက ၁၉၆၆ ခုနှစ်နောက်ပိုင်း အသင်းသမိုင်းတလျှောက် ပြိုင်ဘက်ဂိုးပေါက်ဆီ အများဆုံးခြိမ်းခြောက်နိုင်မှုလည်း ဖြစ်ပါတယ်။