The network connection is lost.

Banner Image

အဖွင့်ပွဲစဉ်မှာ မော်ရိုကိုထံကနေ ရမှတ်တစ်မှတ်သာယူနိုင်ခဲ့တဲ့ ဘရာဇီး

ဘရာဇီး ၁ - ၁ မော်ရိုကို (ပွဲပြီးရလဒ်)

ဘရာဇီးအသင်းက စာရွက်ပေါ်မှာတော့ နာမည်ကြီးကစားသမားတွေနဲ့ဖွဲ့စည်းထားပေမဲ့ ပွဲအတွင်းမှာ ဘာမှလုပ်ပြနိုင်ခြင်းမရှိဘဲ သရေတစ်မှတ်နဲ့ကျေနပ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ မော်ရိုကိုရဲ့ဦးဆောင်ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပြီး ဗင်နီစီးယက်စ်ရဲ့တကိုယ်တော်စွမ်းရည်ကြောင့် ချေပဂိုးပြန်ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ခြေစွမ်းကောင်းပြနိုင်ခြင်းမရှိဘဲ မော်ရိုကိုရဲ့ကစားကွက်အောက်သာရောက်နေခဲ့ပါတယ်။

မော်ရိုကိုက ဘရာဇီးကို တစ်ပွဲလုံးနီးပါး ထိန်းချုပ်ကစားသွားနိုင်ခဲ့ပြီး ဘောလုံးကိုင်ထားနိုင်ခဲ့ပေမဲ့ အုပ်စုပထမနေရာအတွက် သေချာစေမယ့် အနိုင်ရလဒ်တော့ရယူနိုင်ခြင်းမရှိခဲ့ဘဲ သရေရလဒ်သာယူနိုင်ခဲ့ပါတယ်။