ချက်ကို comebackနဲ့အနိုင်ယူပြီး အဖွင့်လှခဲ့တဲ့ တောင်ကိုရီးယား
တောင်ကိုရီးယား ၂-၁ ချက် (ပွဲပြီးရလဒ်)
ခရက်စီ ၅၉'
ဗျောင်ဟွမ် ၆၇'
ဂျူအို့ ၈၀'
ပထမပိုင်းမှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ တောင်ကိုရီးယားနဲ့ ချက်တို့ဟာ ဒုတိယပိုင်းမှာတော့ သွင်းဂိုးတွေအပြန်အလှန်ရရှိခဲ့ကြပြီး တောင်ကိုရီးယားက အနိုင် ၃ မှတ်နဲ့ အဖွင့်လှသွားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ Set Piece တွေကို အသားပေးကစားနေတဲ့ ချက်က ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပေမယ့် ဦးဆောင်ဂိုးရပြီးနောက်ပိုင်းမှာ ခံစစ်ပိတ်ကစားဖို့ ကြိုးစားခဲ့ပါတယ်။ တောင်ကိုရီးယားကတော့ ချေပဂိုးရပြီးနောက်ပိုင်းမှာ ကစားအားပိုမိုကောင်းလာခဲ့ပြီး အနိုင်ဂိုးပါထပ်ရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ချက်အနေနဲ့လည်း ဆူဆက်ခ်ရဲ့ ခေါင်းတိုက်သွင်းဂိုးပြန်လည်ရရှိခဲ့သေးပေမယ့် လူကျွံနေပြီး ပယ်ဖျက်ခံခဲ့ရလို့ နစ်နာခဲ့ရပါတယ်။ ယခုနိုင်ပွဲကြောင့် တောင်ကိုရီးယားက အုပ်စုအေရဲ့ ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ပြီး နောက်ပွဲမှာတော့ အုပ်စုပထမနေရာက မက္ကဆီကိုနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။