The network connection is lost.

Banner Image

ကလပ်အသင်းအများစုစိတ်ဝင်စားနေတဲ့ ခံစစ်မှူးဘရီမာအတွက် ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်တဲ့ ဂျူဗင်တပ်စ်

နွေရာသီအပြောင်းအရွှေ့ကာလနီးကပ်လာတာနဲ့အမျှ ဂျူဗင်တပ်စ်အသင်းက ကလပ်အသင်းအများစုစိတ်ဝင်စားနေတဲ့ နောက်ခံလူဘရီမာအတွက် ပြောင်းရွှေ့ကြေးယူရို သန်း ၇၀ဝန်းကျင် အလိုရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်ဘရီမာဟာ စီးရီးအေရဲ့ အကောင်းဆုံးဗဟိုနောက်ခံလူတစ်ဦးလို့ သတ်မှတ်နိုင်ပေမဲ့ ပြီးခဲ့တဲ့နှစ်ရာသီကာလအတွင်း ပြင်းထန်ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့လို့ ပွဲကစားချိန်ရရှိမှု နည်းပါးခဲ့ပါတယ်။

ဒါပေမဲ့ ဘရီမာကို မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းကြီးတွေကပါ စိတ်ဝင်စားနေကြပြီး အခုနွေရာသီမှာ ဂျူဗင်တပ်စ်မှ ကစားသမားထွက်ခွာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။

Calciomercato ရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်က ဘရီမာကိုခေါ်ယူလိုတဲ့အသင်းတွေဆီ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ မှစတင်ကာ ညှိနှိုင်းရမယ်လို့ သတိပေးထားတယ်လို့ သိရပါတယ်။

ဘရီမာကိုယ်တိုင်ကတော့ တူရင်မြို့မှာ အခြေကျနေပြီး အသင်းပြောင်းဖို့အတွက်လည်း တိုက်တွန်းနေတာမျိုး မရှိပါဘူး။ ဒါကြောင့် အသင်းမှ သူထွက်ခွာဖို့ဆိုရင် တကယ့်ကို ထူးခြားကောင်းမွန်တဲ့ကမ်းလှမ်းမှုမျိုး ရှိလာဖို့ လိုအပ်နေပါတယ်။